မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Fabio အတွက် ကိုယ်ချင်းစာတဲ့ Evra





[caption id="attachment_1414" align="aligncenter" width="87" caption="Evra"]Evra[/caption]

ပတ်ထရစ် အီဗရာဟာ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ညက မန်ယူ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀ုဖ်နဲ့ ပွဲစဉ်မှာ အနီကဒ်ရရှိခဲ့တဲ့ နောက်တန်း လူငယ်တယောက်ဖြစ်တဲ့ Fabio ကို အ၀တ်လဲခန်းအတွင်းမှာ သူ့အတွက် ကိုယ်ချင်းစာပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။



Fabio ဟာ Carling Cup ပွဲစဉ်မှာ တဘက်လူ Michael Knightly ကို အဖျက်ကြမ်းခဲ့တဲ့အတွက် အနီကဒ် ရရှိခဲ့တာဖြစ်ပါတယ်။ အီဗရာက မန်ယူ တီဗီကို ယခုကဲ့သို့ ပြောခဲ့ပါတယ်။ "ဒါဟာ သူ့အတွက် နာကျင်စေမှာ အမှန်ပါပဲ။ ထို့အတူပဲ ကျနော့ရဲ့ ရင်ကိုလည်း နာကျင်စေပါတယ်။ ကျနော်သူ့ကို အ၀တ်လဲခန်းထဲအထိ ဆင်းပြီး နှစ်သိမ့် အားပေးစကား ဆိုခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်တွေက ဖြစ်တတ်စမြဲ ဖြစ်ပါတယ်။ ရှေ့လျှောက် သင်ခန်းစာ ယူကာ တိုးတက်ဖို့ ကြိုးစားရပါမယ်။ ကျနော် ဒီကောင်လေးကို တကယ်ပဲ ခင်မင်ပါတယ်။ သူဟာ တချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ဘယ်နောက်ခံလူ တယောက်ဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်" လို့ အီဗရာက ဆိုခဲ့ပါတယ်

Filed Under: , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply