သိပ်တော်တဲ့ တပည့်မျိုးရထားပါတယ်ဆိုတဲ့ ဖာဂူဆန်
"တကယ့်ကို ပြောင်မြောက်တဲ့ စွမ်းဆောင်မှုပါပဲ .. သူဝင်လာပီးတာနဲ့ ကျနော်တို့ အသင်းရဲ့ အဖြေဟာ ပြောင်းလဲသွားခဲ့တယ်။ တကယ့်ကို အံ့သြစရာ မကောင်းလွန်းဘူးလား"
အထက်ပါစကားကို ပြောခဲ့သူကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ဖာဂူဆန်ပါပဲ။ ဖာဂူဆန်က မနေ့က စတုခ်စီးတီးအသင်းကို အဝေးကွင်းမှာ အနိုင်ရပြီးတဲ့နောက် ရိုင်ယန်ဂစ်ရဲ့ စွမ်းဆောင်မှုအပေါ် ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
"သူ ခုံတန်းပေါ်ထိုင်နေတုန်းက ကျနော်တို့ အသင်း ဂိုးမရရှိခဲ့သေးပါဘူး။ နာနီက သူတတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံအားလျော်စွာ တဖက်အသင်းက သူ့ကို ပိတ်ကစားခဲ့တာကို ကြုံခဲ့ရပါတယ်။ ရိုင်ယန် ၀င်လာတဲ့အခါကျတော့ မတူတော့ဘူးလေ။ အတွေ့အကြုံ တွေက စကားပြောသွားတာပေါ့။ သူဟာ အသင်းအတွက် တကယ့်ကို အရေးကြီးတဲ့ ကစားသမား တယောက်ပါ။ ၂ ဂိုးလုံးကို သူဖန်တီးခဲ့တာပါပဲ အိုရှေးအတွက် ပြစ်ဒဏ်ဘောကနေ ပို့လိုက်တဲ့ ဘောလုံးဆို တကယ့်ကို လှပတာပါပဲ" လို့ တပည့်ကို ချီးမွမ်းခန်း ဖွင့်သွားခဲ့ပါတယ်။
Filed Under: Featured , Man U News , Player News , Premier League
0 comments
Trackback URL | Comments RSS Feed