မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs Arsenal

ဒီတပတ်မှာတော့ မန်ချက်စတာ အသင်းဟာ အပြင်းထန်ဆုံး ယှဉ်ပြိုင်ဘက် ဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကြရမှာ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာစံတော်ချိန် ည ၁၀ ၄၅ မှာ အိုးထရတ်ဒ်ဖို့မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ယှဉ်ပြိုင်မှု ပြင်းထန်လာတဲ့ ပရီးမီးယားလိဂ်မှာ  ၂သင်းစလုံး အတွက် အရေးပါတဲ့ ပွဲ တပွဲဖြစ်တာမို့ အားလုံးက စောင့်ကြည့်ကြမယ့် ပွဲတပွဲဆိုလည်း ဟုတ်ပါတယ်။


လက်ရှိ ရပ်တည်မှု အနေအထားအရ မန်ယူအသင်းက ၃ ပွဲကစားအပြီး ၂ ပွဲနိုင် ၁ပွဲ ရှုံးဖြင့် ၆ မှတ်ရကာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး၊ အာဆင်နယ် အသင်းကတော့ ၂ ပွဲကစား ၂ ပွဲနိုင်နဲ့ ၆ မှတ်ဖြင့် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ၂ သင်းစလုံးဟာ နောက်ဆုံးပွဲတွေမှာ တိုက်စစ်စွမ်းပြကာ ဂိုးမိုးတွေ အသီးသီး ရွာထားကြတာကို တွေ့ရပါတယ်။ မန်ယူမှာ ဗန်ဒါးဆား၊ ရာဖေးလ် တို့ ဒဏ်ရာရနေကြပြီး အာဆင်နယ် အသင်းမှာတော့ ဖာဘရီဂတ်စ်၊ နာဆရီ နဲ့ ရိုဆစ်စကီးတို့ ဒဏ်ရာရထားကြပါတယ်။


အာဆင်နယ် အသင်း ၂ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၂ ဂိုးသာ ပေးထားရတာကို သတိမပြုမဖြစ် ပြုကြရပါလိမ့်မယ်။ အာဆင်နယ် တိုက်စစ်ကို မန်ယူ နောက်တန်း အနေနဲ့ ဖာဒီနန်မပါခဲ့ရင် တောင့်ခံနိုင်ပမလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တသင်းနဲ့ တသင်း အထာနက်နေကြတဲ့ အသင်းတွေ ဖြစ်နေတာရယ်၊ မန်ယူအိမ်ကွင်း ဖြစ်တာရယ်ကြောင့် အာဆင်နယ် သရေရဖို့သာ ကြိုးစားပါလိမ့်မယ်။



Forum

ဖိုရမ်ထဲဝင်ဆွေးနွေးချင်ရင်ဒီပုံကိုနှိပ်ပြီး ရီဂျစ်စတာလုပ်ပြီး ဆွေးနွေးနိုင်ပါသည်

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply