မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ရော်နယ်ဒို ပေါင်သန်း ၈၀ ကမ္ဘာ့ စံချိန်ချိုး ကာ ရီရဲမဒ်ဒရစ်သို့ 

ရော်နယ်ဒို ပေါင်သန်း ၈၀ ရီရဲရဲ့ ပြောင်းရွှေ့ ကာလတိုင်း စွဲဆောင်မှု့ ခံနေရတဲ့ ရော်နယ်ဒို တစ်ယောက် သူ့ ရဲ့ကလေးဘဝ ဆန္ဒကိုဖြည့်ဆည်းခွင့်ကို မန်ယူနိုက်တက်က သန်းပေါင်း ၈၀ နဲ့ ခွင့်ပြုလိုက်ပါပြီလို့ ယူနိုက်တက် official website ကတရားဝင်ကြေညာလိုက်ပါတယ်။

ရော်နယ်ဒိုရဲ့ ပြောင်းလိုခွင့်ကို ဆက်လက်ပြီးဆန္ဒပြုနေတဲ့အတွက် သူ့ ရဲ့ကိုယ်စားပြုနဲ့ ဆွေးနွေးအပြီးမှာ ရီရဲမဒ်ဒရစ်ရဲ့ဈေးခေါ်တာကို လက်ခံလိုက်တာပဲဖြစ်ပါတယ်။ လာမဲ့ ဇွန်လ ၃၀ ရက်နေ့ မှာ ကိစ္စပြီးပြတ်မှာဖြစ်တဲ့အတွက် ဒီ့မတိုင်ခင် တစုံတရာပြောဖို့ ရန်ရှိလိမ့်မယ်မပာုတ်ဘူးလို့ ယူနိုက်တက်ကဆိုထားပါတယ်။

ကမ္ဘာ့စံချိန်ဈေးကို ရရှိလိုက်တဲ့အတွက် မန်ယူပရိတ်သတ်အတော်များများက နှမြောပေမဲ့လည်း ကျေနပ်တယ်လို့ သတင်းမီဒီရီယာတွေ အင်တာဗျူးမှာဖြေဆိုသွားတာကိုလည်း ကြားသိလိုက်ရပါတယ်။

သန်း ၈၀ ပာာ ထိပ်တန်းကစားသမား နှစ်ယောက်စာဝယ်ယူနိုင်တဲ့ ငွေကြေးဖြစ်လို့ ပြောင်းရွှေ ဖို့ သတင်းကြီးနေတဲ့ တဲက်ဇ်ကို ပေးချေလိမ့်မယ်လို့ အချို့ ကမျှော်လင့်နေကြပြီး ဘယ်ကစားသမားကိုဝယ်ယူလိမ့်မလဲလို့ လဲထင်ကြေးအမျိုးမျိုးပေးလျက်ရှိနေပါတယ်။

၂၀၀၃ ခုနှစ်မှာ သန်း ၁၂ သန်းနဲ့ ပေါ်တူဂီကလပ် စဖို့ တင်းလစ်စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းလာတဲ့ အသက်၁၈ နှစ်အရွယ် ရော်နယ်ဒို ပာာ ယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ် ၁ လုံးနဲ့ ပရီမီးယားလိဂ် ၃ လုံးအပါအ၀င် ဖလားပေါင်း ၈ လုံးမြှောက်ယူခွင့်ရခဲ့ပါတယ်။

ထိုအောင်မြင်မှု့ တွေကြောင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု၊ ဥရောပအကောင်းဆုံးကစားသမားဆု နဲ့ ပရီမီးယားလိဂ်အကောင်းဆုံးကစားသမားဆု အစရှိတဲ့ ပုဂ္ဂိုလ်ရေးအောင်မြင်မှု့ တွေကို လည်းခံယူခွင့်ရခဲ့သူပါ။

အခု အသက် ၂၄အရွယ် ကမ္ဘာ့နာမည်ကြီးကလပ်တစ်ခုဖြစ်တဲ့ ရီရဲကို သန်းပေါင်း ၈၀ ဖြင့်ပြောင်းပမဲ့လည်း မန်ယူနိုက်တက်မှာလို အောင်မြင်မှု့ တွေရပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ နစ္စတယ်ရိုင်းတို့ ဘက်ခမ်းတို့ က ဒီအဖြေရဲ့အချို့ ကို ထောက်ပြပေးနိုင်ပါလိမ့်မယ်။

ယူနိုက်တက်အဖို့ ကလပ်အနေနဲ့ ဆက်လက်ပြီးအောင်မြင်မှု့ တွေဆွတ်ခူးဦးမှာမလွဲပါဘူး။ ယူနိုက်တက်ရဲ့ အနာဂတ်အောင်မြင်မှု့ မှာ ပါဝင်ခွင့်ရမဲ့ နောက် နံပါတ် ၇ ဘယ်သူများဖြစ်လိမ့်မလဲဆိုတာ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ကြပါဦးစို့ ။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply