မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ပေါင်သန်း ၈၀ တန်တဲ့ ရှပ် စပွန်ဆာ

[caption id="attachment_1108" align="aligncenter" width="300" caption="ရှပ်စပွန်ဆာအသစ်"]ရှပ်စပွန်ဆာအသစ်[/caption]

ကမ္ဘာ့ဈေးကွက် ကမောက်ကမ ဖြစ်ခြင်းရဲ့ ထိုးနှက်ချက်ခံလိုက်ရတဲ့ မန်ယူနိုက်တက် ရှပ်စပွန်ဆာ (Shirt Sponsor) AIG က ယူနိုက်တက်နဲ့  ချုပ်ဆိုထားတဲ့ သက်တမ်းပြီး (မေလ ၂၀၁၀) ဆက်လက် လက်တွဲဖို အလားအလာနည်းသွားပြီဖြစ်တဲ့အတွက် ယူနိုက်တက်အနေနဲ့  နောက်စပွန်ဆာလုပ်လိုသူတွေကို လွန်ခဲ့တဲ့ လအနည်းကနေ ညှိနေခဲ့ပါတယ်။


ကမ္ဘာ့ အကြီးဆုံး အသင်းတစ်ခုအနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ယူနိုက်တက်အဖို့ စပွန်ဆာလုပ်လိုသူတွေမနည်းလှပါဘူး။နာမည်ကြီးလှတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Samsung ၊ Saudi Telecom နဲ့  အိန္ဒိယ က ကုမ္ပဏီကြီးတွေဖြစ်တဲ့ Sahara နဲ့  Tata တို့ အပါအဝင်ပါ။ ဒီလို ဒိတ်ဒိတ်ကျဲတွေထဲမှာ ယူနိုက်တက်က ခေါင်းခေါက်ပြီးရွေးလိုက်တာကတော့ အမေရိကန်က Aon Corp ပဲဖြစ်ပါတယ်ခင်ဗျာ။


ယူနိုက်တက်ရဲ့  နီလွင်ရောင် င်္အကျီပေါ်မှာ နာမည်ရေးထိုးခွင့်ခံရတဲ့ Aon ရဲ့ ပေးဆပ်မှု့ ကတော့ တစ်နှစ်ကို သန်းပေါင်း ၂၀ နဲ့ လေးနှစ်စာချူပ်စာ သန်း ၈၀ ပါ ပဲခင်ဗျ။ ယခင် AIG ရဲ့ တစ်နှစ် ၁၄ သန်းနဲ့ ယှဉ်ကြည့်ပါ။ ယူနိုက်တက်အဖို့ အပောာင်းထွက်ရင် ဒီ့ထက်ကောင်းတဲ့ အသစ်လာဖို့ ပဲ ရှိပါတယ်။


၂၀၁၀ ဇွန်လ မှာ ဒီလိုတံဆိပ်လေးနဲ့  မြင်ရတော့မယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply