Welcome Back Rio

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နံရိုးဒဏ်ရာ ရရှိခဲ့တဲ့ ဖာဒီနန်ဟာ စနေနေ့မှာ ကစားမဲ့ ဘိုရိုနဲ့ ပွဲမှာ အနားယူကာ အင်္ဂါနေ့မှာ Emirate ကို သွားဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ ဆိုပါတယ်။
ဖာဂူဆန်က "သူ အရိုးကွဲအက်ခြင်း ကျိုးသွားခြင်း မရှိတာ ကံအလွန်ပဲ ကောင်းပါတယ် သူဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တာပါ အင်္ဂါနေ့ ပွဲစဉ်အတွက် သူ အဆင့်သင့် ဖြစ်နေလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။
ဘောလုံးကစားသမားတွေ အတွက် နံရိုးနဲ့ ပတ်သက်တဲ့ ဒဏ်ရာတွေဟာ တကယ်ပဲ ပြင်းထန်ပါတယ်။ ဖာဒီနန်ကတော့ ကံကောင်းစွာဖြင့် မကြာခင်မှာ ပြန်လည် ကောင်းမွန်လာတော့မှာ ဖြစ်ပါတယ်။
Filed Under: Featured , Injury News



0 comments
Trackback URL | Comments RSS Feed