မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Middlebrough vs Manchester United

ကျနော်တို့ မန်ယူအသင်းဟာ ဒီတပတ်မှာတော့ ဘိုရိုနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကိုတော့ စနေနေ့ မြန်မာ စံတော်ချိန် ညနေ ၆ ၁၅ မှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဘိုရိုအနေနဲ့ တန်းဆင်းဇုံက လွတ်ဖို့ ကြိုးစား အမှတ်ယူရမှာ ဖြစ်ပီး မန်ယူကတော့ ချန်ပီယံဖလား သိမ်းပိုက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။


ဘိုရိုဟာ မန်ယူအသင်းကို ပီးခဲ့တဲ့ ငါးနှစ်အတွင်း အိမ်ကွင်းမှာ တပွဲနိုင် တပွဲသရေကျကာ ၃ပွဲ ရှုံးနိမ့် ထားပါတယ်။ ဘိုရိုအသင်းအနေနဲ့ နောက်ပိုင်း ပွဲစဉ်များမှာ ကစားခဲ့တဲ့ ရလဒ်တွေဟာ အားရစရာ မရှိပါဘူး။ ရာသီကုန်ဖို့ ပွဲသိပ်မကျန်တော့တဲ့ အချိန်မှာ ဘိုရိုအနေနဲ့ တန်းဆင်းဇုံက လွတ်ဖို့ အရေးကြီး အမှတ်လိုနေပါတယ်။


မန်ယူအသင်းအနေနဲ့ လူစုံသလောက် ကစားနိုင်တဲ့ အနေအထားရှိပီး ချန်ပီယံလိဂ်ကြောင့် ပွဲပမ်းမဲ့ အနေအထား ရှိနေပါတယ်။ မန်ယူအသင်း အနေနဲ့ ဒုတိယနေရာက လီဗာပူးလ် အသင်းထက် တပွဲလျော့ ၃ မှတ်သာ နေသေးတာကြောင့် ဖိအားလျော့တယ်လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ဒါပေမဲ့ မန်ယူအသင်းအနေနဲ့ သေချာပေါက် ရနိုင်တဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူမှာ ဖြစ်တာမို့ လျှော့ကစားမယ် မထင်ပါဘူး။


ဒါကြောင့် ဒီပွဲမှာ ဘိုရိုအနေနဲ့ မန်ယူကို ရေကုန်ရေခမ်း ကစားသွားနိုင်ဖွယ် ရှိပီး သရေ ဒါမှမဟုတ် ဘိုရိုက အနိုင်အထိ ကစားသွားလိမ့်မယ်လို့ မြင်ပါတယ်။ ကျနော့ စိတ်ကြိုက် ခန့်မှန်းမှုကတော့ ဘိုရို ၁ - ၂ မန်ယူပါ။ ဖြစ်နိုင်ခြေ ခန့်မှန်းကတော့ ဘိုရို ၀ - ၀ မန်ယူ ပါ။


Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply