မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Hull City vs Manchester United

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခုချိန်ဆို ပရီးမီးယားလိဂ်ရဲ့ ရာသီမကုန်ဆုံးခင် တပွဲအလိုမှာ ဖလားရရှိကာ ၃ နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့ပီ ဖြစ်ပါတယ်။ သရဲနီတွေအတွက် ၁၈ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဖလား ဖြစ်သလို ဖာဂီ့အတွက်လည်း သရဲတွေနဲ့အတူ ၁၁ ကြိမ်မြောက် မော်ကွန်း ရေးထိုးနိုင်ခဲ့တဲ့ ရာသီပဲ ဖြစ်ပါတယ်။


သရဲနီတွေဟာ ဒီတပတ်မှာတော့ ရာသီပိတ် ပွဲစဉ်အဖြစ် ဟူးလ်စီးတီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲကို တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညကိုးခွဲမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ သရဲနီတွေအတွက် တကယ့်ကို ဘယ်လို ကစားကစား ရတဲ့ပွဲ ဖြစ်နေပါတယ်။ ရှေ့အပတ်မှာ ဘာကာနဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ကစားရမှာမို့ ကစားသမားတွေကို ချန်ပီး ရှိသမျှ လူငယ်တွေကို ထုတ်ကစားသွားဖို့ ရှိပါတယ်။


ဟူးလ်စီးတီးအသင်းအတွက်ကတော့ ဒီပွဲဟာ အတော့ကို အရေးပါတဲ့ ပွဲစဉ်တရပ်ပဲ ဖြစ်ပါတယ်။ တန်းဆင်းရမဲ့ ၃ သင်းမှာ ၀က်စ်ဘရွန်း တသင်းသာ သေချာနေခဲ့ပီး ကျန်တဲ့ ၂သင်းကတော့ ခုထိ မထွက်ပေါ်လာသေးပါဘူး။ ဆန်းဒါးလန်း၊ ဟူးလ်၊ နယူးကာဆယ် နဲ့ ဘိုရိုတို့ထဲက ဒီတပတ်မှာ ၂သင်း ထွက်ပေါ်မှာ ဖြစ်တဲ့အတွက် ဒီအသင်းတွေဟာ တန်းမဆင်းရဖို့ အသေအလဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ထို့အတွက် ဟူးလ်ဟာ မန်ယူကို ဘယ်လိုပဲ ဖြစ်ဖြစ် အနိုင်ရအောင် ကစားပါလိမ့်မယ်။ ကျနော့အမြင်တော့ မန်ယူအသင်း သရေကျဖို့ရှိပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply