ဝက်စ်ဟမ်း Vs မန်ယူ ကာလင်းဖလား ကွာတားဖိုင်နယ်
ကားလင်းဖလား မှတ်တမ်းစတင်ကျင်းပသည့်နှစ် - ၁၉၆၀ပါဝင်ယှဥိပြိုင်သည့် အသင်
ကားလင်းဖလား မှတ်တမ်းစတင်ကျင်းပသည့်နှစ် - ၁၉၆၀ပါဝင်ယှဥိပြိုင်သည့် အသင်
အက်အေဖလားပွဲစဉ် ၃ ကိုမဲခွဲရွေးချယ်ရာမှာ မန်ယူနိုက်တက်အတွက် အိမ်ကွင်းမ
27.11.2010 ( စနေနေ့ ) ည 9:30 မှာ ကစားခဲ့တဲ့ မန်ယူနဲ့ ဘလက်ဘန်းပွဲဟာ 7-
Goal Crazy Berbatov Man Utd 7 Park (23), Berbatov (27, 47, 6
အိုထရပ်ဖို့ ဒ်၊ ၂၇ နိုဝင်ဘာလ ၂၀၁၀၊ ညနေ ၃း၀၀ နာရီဗာဘာတော့ဗ် (၁-၀)၂ မိန
Nov,22,2010 | View post
Nov,11,2010 | View post
Oct,31,2010 | View post
Nov,27,2010 | View post
Nov,27,2010 | View post
Nov,24,2010 | View post
Nov,28,2010 | View post
Nov,27,2010 | View post
Nov,27,2010 | View post
Nov,30,2010 | View post
Nov,19,2010 | View post
Nov,11,2010 | View post
Nov,24,2010 | View post
Nov,02,2010 | View post
Nov,02,2010 | View post
Nov,28,2010 | View post
Nov,03,2010 | View post
Oct,21,2010 | View post
Nov,30,2010 | View post
Nov,30,2010 | View post
Nov,28,2010 | View post
Nov,27,2010 | View post
Oct,18,2010 | View post
Oct,14,2010 | View post
Nov,23,2010 | View post
Nov,11,2010 | View post
Nov,03,2010 | View post
Aug,20,2010 | View post
Jun,23,2008 | View post
May,29,2008 | View post
Nov,30,2010 | View post
Nov,30,2010 | View post
Nov,28,2010 | View post
You are here: Home � News � အပြုံးနဲ့ ရင်မဆိုင်တဲ့ ရာဖာ
ရာဖာ နဲ့ ဆာအဲလပ်စ် အကြား ဒီရာသီအတွင်း တောက်လောင်ခဲ့တဲ့ မီးပွား ခုထိမီးမသေသေးပါဘူး။ ပြီးခဲ့တဲ့ လီဗာပူး ၂-၀ နဲ့ အောက်တန်းဆင်းရတော့မဲ့ ၀က်စ်ဘရောင်း ပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှာ ရာဖာက ဒီလိုဆိုခဲ့လို့ ပါပဲ -
မန်ယူနိုက်တက်ရဲ့ ဝီဂန်ပွဲ မတိုင်ခင်မှာလဲ မန်ယူနိုက်တက်က ငွေတွေဖောဖောသီသီ သုံးလို့ သာ ချန်ပီယံဖြစ်တာလို့ လဲပြောဆိုခဲ့ပြီး၊ Fernando Torres နဲ့ Steven Gerrad သာ ပွဲဒဏ်ရာကြောင့် မနားခဲ့ရဘူးဆိုရင် လီဗာပူး ချန်ပီယံဖြစ်ပြီ လို့ လဲ ဆိုခဲ့ဘူးပါတယ်။ ဒါတင်မကပါဘူး စတုတ်စီးတီး နဲ့ သရေကျခဲ့တဲ့ပွဲ မှာ ရာဖာရဲ့ လေးမိနစ်ကြာ အောင် ဆာအဲလစ်ကို တိုက်ခိုက်ခဲ့တာ လူကြီးမင်းတို့ မှတ်မိကြဦးမှာပါ။ It's the Fact ဆိုတဲ့ စကားလုံးကို ထပ်ကာထပ်ကာ ပြောရင်း မန်ယူနိုက်တဲ့ရဲ့ ချဲဆီးပွဲ မတိုင်ခင် စိတ်အားပြိုင်ပွဲ ဖန်တီးဖို့ ကြိုးစားပေမဲ့ မန်ယူ အိုးထရပ်ဖို့ မှာ ပြတ်ပြတ်သားသား အနိုင်ယူလိုက်တဲ့အတွက် သတင်းမီဒီယာ အကြားရော၊ ပရိတ်သတ်ထဲမှာပါ လူရယ်စရာကြီးဖြစ်ခဲ့ပါတယ်။ဒီစကားနဲ့  ပြီးခဲ့တဲ့ချန်ပီယံဆွတ်ခူးခဲ့တဲ့ပွဲမှာယူနိုက်တက်ဖန်တွေက The Fact is 18th Times လို့ဆိုင်းဘုတ်ထောင်ကာ အောင်ပွဲခံ ခဲ့တာပေါ့။
ရာဖာရဲ့ ဆာအဲလပ်စ် အပေါ်ထားတဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေက ဒီမှာတင်မရပ်သွားပါဘူး။အခုရှုပ်ထွေးနေတဲ့ Carlos Tevez ရဲ့ ပြောင်းရွှေ့ ရေးမှာ ရာဖာက ကြားဖြတ်ဈေး ပေါင် ၂၂ သန်းကြေးပေးပြီး ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ မီဒီယာတွေကဆိုပါတယ်။ မန်ယူနိုက်တက်က ၁၈ သန်းသာကြေးဖြတ်ထားတာကို Tevez ရဲ့ အကြံပေး က လက်မခံနိုင်ပဲ ပေးချေထားတဲ့ ငှားရမ်းကြေး ၉ သန်းအပြင် နောက် ၂၅ သန်းကိုသာရချင်တယ်လို့ အခုတင်းခံနေချိန်ပါ။
ယူနိုက်တက်နောက်ခံလူ Gabriel Heinze တုန်းကလဲ ရာဖာ ဒီအတိုင်း မီးဝင်မွှေ ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံး သူပဲ လက်လွတ်ဆုံးရှုံး ခဲ့ရတာပါ။
ဒီလိုမန်ယူနိုက်တက်ကို တိုက်ခိုက်ရင်း အရှုံးတွေကို သာထပ်ကာထပ်ကာရခဲ့တဲ့ ရာဖာအဖို့အ ပြုံးနဲ့ မတုံ့ နိုင် တာ မ ဆန်းတော့ ပါလို့ သာ။
Filed Under: News
Related posts:
If you enjoyed this article, subscribe to receive more great content just like it.
၂၀၁၀ ဒီဇင်ဘာလ ၂၇ ရက် | ပွဲ | အမှတ် |
မန်ယူ | ၁၇ | ၃၇ |
အာဆင်နယ် | ၁၇ | ၃၅ |
မန်စီးတီး | ၁၉ | ၃၅ |
ချဲယ်ဆီး | ၁၈ | ၃၁ |
တော့တန်ဟမ် | ၁၈ | ၃၀ |
ဘော်တန် | ၁၉ | ၂၉ |
ဆန်းဒါးလန်း | ၁၉ | ၂၇ |
စတုတ်စီးတီး | ၁၈ | ၂၄ |
နယူးကာဆယ် | ၁၈ | ၂၂ |
လီဗာပူးလ် | ၁၇ | ၂၂ |
ဘလက်ပူးလ် | ၁၆ | ၂၂ |
ဝက်စ်ဘရွန်း | ၁၈ | ၂၂ |
ဘလက်ဘန်း | ၁၉ | ၂၂ |
အဲဗာတန် | ၁၈ | ၂၁ |
အက်စ်တန်ဗီလာ | ၁၈ | ၂၀ |
ဝီဂန် | ၁၈ | ၁၉ |
ဘာမင်ဂမ် | ၁၇ | ၁၈ |
ဖူလ်ဟမ် | ၁၈ | ၁၆ |
ဝက်စ်ဟမ်း | ၁၉ | ၁၆ |
ဝုဖ် | ၁၈ | ၁၅ |
သတင်းလေး အတွက် အထူးကျေးဇူးပါ..။
ဒီလိုသတင်းလေးတွေ အမြဲဖတ်ရရင် ကောင်းမှာ ကျေးဇူးပါ ကိုမန်ယူနိုက်တက်ရေ :)
Liverpool အသင်းရဲ့ အားထုတ်မှူကတော့ ကြောက်စရာကောင်းပါတယ်
ရှူံးပွဲ ၂ ပွဲဘဲ ရှိခဲ့ပါတယ်. လေးလည်းလေးစား မိပါတယ် အရင် နှစ်တွေ ထက်စာရင် အရမ်းကောင်း လာတာကို မငြင်းပါ.
ဒါပေမဲ့. ကျွန်တော်တို့ သရဲနီတွေ “ဂလေဇာ” လက်ထဲရောက်ပီး.တပ်ပျက်တုန်းက အခြေအနေ ကို “ဘင်နီတဇ်” က မသိချင်ယောင်ဆောင် ပီး ယခုနောက်ပိုင်း အောင်မြင်မှုတွေ ကို မနာလိုစွာ စွပ်စွဲပြောဆိုတာ နည်းပြကောင်း တစ်ယောက်လားဆိုတာတောင် သံသယ ဖြစ်မိပါတယ်.
“ဂလေဇာ” လက်ထဲရောက်ပီး ကစားသမား ကောင်းကောင်းမဝယ်နိုင်ခဲ့လို့ ၂- နှစ် ဖလားလက်မဲ့ဖြစ်ခဲ့ရတာ.ရာဇဝင် ရိုင်းစွာ Champion League မှာ အုပ်စုပွဲ ကတည်းက ထွက်ခဲ့ရတာ တွေနဲ့ “သရဲနီ” တွေ ဘဝ ခါးသီးလွန်းလို့ “ဖာဂီ” ကြီးတောင် အနားယူဖို့ စဉ်းစားတာ သူ့ မဟေသီ နားချလို့ ပြန်လက်ခံ ပီး စာချုပ်ပြန်ချုပ် ခဲ့တာတွေ နဲ့ ခက်ခက်ခဲခဲ ရုန်းကန်လာခဲ့ ရတာ အားလုံးအသိပါ ၊ Board အဖွဲ့ကချပေးတဲ့ ငွေလေးမဖြစ်စလောက်ရယ် “Ruud Van Nistelrooy ” ကြီး ရောင်းရငွေရယ် နဲ့ ဟိုလူ့အငှားစာချုပ်ချုပ် ပေါချောင်ကောင်းလေးတွေဝယ် လေ့ကျင့်ပေး လုပ်ပီးဖြတ်သန်းခဲ့ရတာပါ .
ဘောလုံးရာသီမှာ ဘယ်သူနာလို့ ဘယ်ဝါ ပွဲပယ်ခံထားရလို့ ဆိုတာ ဆင်ခြေတစ်ခုပါ. ဒီလူတွေ မနာရလေအောင် ထုတ်သင့်တဲ့ပွဲ မှာအချိန်မဆိုင်းဘဲထုတ် နားသင့်တဲ့ပွဲ ပေးနား လုံးဝ မကန်နိုင်ခဲ့ရင်လဲ သူ့နဲ့သင့်တော်တဲ့သူရန်ထား ဒါနည်းပြ အလုပ်လေဗျာ.( FIFA Manager ကစားတဲ့ ကလေးတောင် သိသေး. :D) ဘေးထွက်ကုန်ပီ. ဒီနှစ်ဘဲ ကြည့်ဗျာ လူကောင်းတွေ အနားရအောင် လူငယ်တွေလည်း ခြေသွေးရအောင် FA ဖလားကို ရဲရဲကြီးလက်လွှတ်ခဲ့တယ်ဗျာ. အောင်မြင်မှု အတွက် နည်းပြတစ်ယောက်ရဲ့ မှန်ကန်တဲ့ အဆုံးအဖြတ်ဟာ အခရာပါဘဲ .
Champion League မှာ Ac Milan ကို ပင်နတီ နဲ့ နိုင်ပီး ဖလာရပီးကတည်းက “ဘင်နီတဇ်”
တစ်ယောက် ဒီနှစ်အစ မှာ Premier League ဖလားဆိုတာ ဘာမှန်းမသိသေးတဲ့ ကြိုးကြာတွေ တာထွက်ကတည်း နိုင်ပွဲတွေနဲ့ လှခဲ့ပါတယ်. ဒါပေမဲ့ “ဖာဂီ” ပြောတဲ့ စကားလေး တစ်ခွန်း မှတ်မိနေပါသေးတယ်
{အမှတ်ပေးဇယား ထိပ်ရောက်ဖို့ ဘယ်အသင်းနောက်မှာမှ ၈-မှတ်ပြတ်နဲ့ နေလို့မရပါဘူး} တဲ့..အနှစ်ချုပ်လိုက်ရင်တော့ သက်လုံကောင်း ဖို့က အဓိက ပါ အမောမဖောက်ဖို့ လိုပါတယ် :P သူကတော့ ပြောမှာဘဲလေ ဘာဖလားမှ မရတော့တဲ့ LoserPool ဖြစ်သွားလို့ :D
The fact is we won again :D
ကိုမန်ယူနိုက်တက် ရေ Comment လေးတွေကြာပါရစေ ဆိုလို့ အရှည်ကြီး ဖြစ်သွားပီ အားပါးတရ ကို ရေးပလိုက်တာ . ဆက်သာရေးပါဗျိုး အားပေးနေပါတယ်ဗျား :P