မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မကျေနပ်မှုများနဲ့ ဒိုလေး

picsrvmanutd

မနေ့ညက ကန်ခဲ့တဲ့ မန်ချက်ဒါဘီပွဲမှာ ထူးခြားတဲ့ ဖြစ်စဉ်တခုကို အားလုံး မြင်တွေ့ခဲ့ရမှာပါ။ ဒါကတော့ ဖာဂီဟာ မထင်မှတ်တဲ့ လူစားထိုးမှု ပြုလုပ်ခဲ့မှု အပေါ် ရော်နယ်လ်ဒိုအနေနဲ့ ပြင်းထန်စွာ စိတ်ဆိုး ပေါက်ကွဲခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မန်ယူအသင်းကို ဒီရာသီမှာ ခုလို ဖလားနဲ့ လက်တကမ်း အကွာသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။သူ့အနေနဲ့ ဒီလို လူစားလဲခံရမှုအပေါ် အထူးပဲ ပေါက်ကွဲ စိတ်ဆိုးပြီး ဖာဂီကို ပြန်လည် အော်ဟစ်ခဲ့တာကို တွေ့ရပါတယ်။


ဒီပွဲစဉ်မှာ သူဟာ အဖွင့်ဂိုးကို သွင်းယူခဲ့သူ ဖြစ်ပါတယ်။ ပထမပိုင်းအပြီး ဖာဂီကသူ့ကို ပေါလ်စခိုးနဲ့ လူစားလဲလိုက်တဲ့အခါ မယုံကြည် နိုင်လောက်အောင် ဖြစ်ခဲ့ရပီး စိတ်ဆိုး မာန်ဆိုးနဲ့ သူ့ကို ကမ်းပေးလာတဲ့ ထရက်စ်စုကို လွှင့်ပစ်ကာ ခုံတန်းမှာ သွားထိုင် နေခဲ့ပါတယ်။ ဖာဂီ့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းခဲ့ရာမှာ "သူဟာ ပြီးပြည့်စုံတဲ့ ကစားသမား တယောက်ဆိုတာ အားလုံးသိပြီးသားပါ ခုလူစားလဲလိုက်တာကိုလည်း သူမကျေနပ်ဖူးဆိုတာ ကျနော်သိနိုင်ပါတယ် .. ဒါပေမဲ့ ကျနော့် အနေနဲ့ အရှည်ကို ကြည့်ရပါမယ် ကျနော်တို့မှာ ဖလားတွေအတွက် ခက်ခဲတဲ့ ပွဲစဉ်တွေ ကျန်နေပါသေးတယ် .. သူတို့ အင်ပြည့်အားပြည့်နဲ့ ကစားနေနိုင်ဖို့ လိုပါတယ် .. ဒါကြောင့် ကျနော်သူ့ကိုလူစားလဲခဲ့တာပါ .. ရှေ့ပွဲမှာ ၀ီဂန်နဲ့ တွေ့ရပါမယ် .. ဒီပွဲဟာ သိပ်အရေးကြီးတဲ့ ပွဲဖြစ်ပါတယ် .. ဒီပွဲနိုင်မှ ကျနော်တို့ ဖလားကို လက်လှမ်းနိုင်မှာ ဖြစ်ပါတယ် .. ၂ ယောက် ၃ ယောက် လဲကစားသွားဦးမှာပါ" လို့ ပြောသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ဒီရာသီအပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်လို့ အထူး ရေပန်းစားနေသူ ဖြစ်ပါတယ်။


မန်ယူအသင်းဟာ လာမဲ့ ဗုဒ္ဒဟူးနေ့မှာ ၀ီဂန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပီး ထိုပွဲနိုင်ခဲ့လျှင် အာဆင်နယ်နဲ့ပွဲမှာ ၁ မှတ်ရရုံနဲ့ ပရီးမီးယားလိဂ် ဖလားကို သိမ်းယူနိုင်တော့မှာ ဖြစ်ပါတယ်။

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply