နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ဒရမ်မာစလေပြီ
[caption id="attachment_1072" align="alignleft" width="123" caption="စိတ်လေနေတဲ့ ရော်နယ်ဒို"]
[/caption]ရီရဲမက်ဒရစ် ရဲ့ ကာလကြာ ဆွဲဆောင်ခေါ်ယူမှု့ ခံနေရတဲ့ ရော်နယ်ဒို တစ်ယောက် ဖိုင်နယ် အပြီး မီဒီယာရဲ့ သူ့ အနာဂတ်အမေးကို ကျွန်တော်တော့ မသိဘူးလို့ ဖြေဆိုသွားတဲ့အတွက် အိုးဒရပ်ဖို့ မှာဆက်နေဖို့ ရန် ခိုင်မာမှု့ နည်းသွားပြီလို့ ဆိုပါတယ်။ ပြီးခဲ့ ပီရီယားလိဂ် အောင်ပွဲခံတုန်းက နောင်နှစ်အထိ မန်ချက်စတာမှာပဲ နေဖို့ အာရုံစိုက်ရမယ်လို့ ပြောဆိုတာနဲ့ ဆန့် ကျင်ဘက်ဖြစ်နေတဲ့အတွက် ဘာကြောင့် ဆိုတာမီဒီယာတွေက ထင်ကြေးအမျိုးမျိုး ပေးနေကြပါတယ်။
အများစုကတော့ ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ ရော်နယ်ဒိုက ဆာအဲလပ်စ် ရဲ့ကစားကွက် အလုပ်မဖြစ်ဘူးလို့ ဝေဖန်တာကြောင့်လို့ ထင်ကြပီး တချို့ ကတော့ ကစားပွဲအတွင်း သူ့ ရဲ့ မလိုအပ်တဲ့ ပြကွက်တွေကို တကိုယ်ကောင်းဆန်ဆန်လုပ်မိတဲ့အတွက် ဆာအဲလပ်စ်ရဲ့ပြစ်တင်ပြောဆို မှု့ ကို ခံခဲ့ရလို့ ဖြစ်တယ်လို့ ထင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရီရဲ ရဲ့ မကြာသေးခင်က အရွေးခံထားတဲ့ သမ္မတလောင်း Florentino Perez က ရော်နယ်ဒိုပာာ ရီးရဲ ရဲ့နံပါတ် ၁ မပာုတ်တော့ဘူးလို့ မနေ့ ကမှပြောဆိုသွားတဲ့အတွက် ရော်နယ်ဒိုရဲ့ အနာဂတ်ဘယ်မှာလဲဆို တာ ဇဝေဇ၀ါဖြစ်နေပါတယ်။ လာမဲ့ တနင်္လာနေ့ မှာ တရားဝင်တင်မြောက်ခံရမဲ့ ရီးရဲ သမ္မတလောင်းက အရင် သူ့ မတိုင်ခင်က သန်း ၈၀ သဘောတူညီမှု့ ကို တော့ ဖျက်သိမ်းကြောင်းမငြင်းဆိုပဲ AC Milan က Kaka ကသာ ထိပ်ဆုံး တားကပ်လို့ ဆိုထားပါတယ်။
ရော်နယ်ဒိုလို ဘာဖြစ်မလဲမသိသူ နောက်တစ်ယောက်ကတော့ တဲဗက်ဇ် ပဲဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ CEO David Gill က သန်းပေါင်း ၂၅ သန်းပေးနိုင်တယ်လို့ ဒီတပတ်အစောပိုင်းတုန်းက ပြောထားပေမဲ့လဲ ဖာဂီ ရဲ့ အာရုံက တခြားဘက်ကိုပြောင်းလဲသွားပြီ လို့ လဲဆိုကြပါတယ်။ ရောမမြို့ အိုလံပစ် ကွင်း ကအပြန်အသင်းဘတ်စ်ကားနဲ့ တဲဗက်ဇ် မလိုက်ပါခဲ့တဲ့ အတွက် ဒီထင်ကြေးတွေပိုခိုင်မာလာပြီ လို့ ယူဆနိုင်ပီး။ လီင်္ဗာပူး က အာဂျင်တီးနား ကစားဖော် Javier Mascherano တော့ သူတို့ ဆီကိုလာဖို့ အတွက် အဆက်မပြတ် တိုက်တွန်းလျက်ရှိနေတဲ့ အပြင် လီဗာပူးက သန်း ၅၀ ပါဝင်တဲ့ ဘတ်ချက်မျိုး တဲ့ဗက်ဇ် ကိုခေါ်ဖို့ ရန်ရှိတယ်လို့ သတင်းစကားထွက်ဖူးတဲ့အတွက် ယူနိုက်တက်ပရိတ်သတ် အဖို ဘ့ဝင်မကျဖြစ်နေဆဲပါ။

မန်ယူနိုက်တက်က စိတ်ဝင်စားမှု့ ခံရတယ်လို့ နာမည်ရနေတာကတော့ ဘာယန်မြူးနစ်တောင်ပံ ကစားသမားဖြစ်တဲ့ Franck Ribery ပါ။ ပေါက်ဈေးကတော့ ၄၅ သန်းဖြစ်ပြီး။
နောက်တယောက်ကတော့ သူ့ လို ပြင်သစ်လူမျိုး ဖြစ်တဲ့ လိုင်ယွန်က Karim Benzema ဖြစ်ပါတယ်။ နှစ်ယောက်လုံးက အားကောင်းပြီး လျှင်မြန်တဲ့ ကစားသမားတွေဖြစ်လို့ ထိရောက်မဲ့ အစားထိုးမှု့ လို့ ဆိုနိုင်ပါတယ်။ ဗန်ဇီမာက ၂၁ သာရှိသေးပြီး တဲ့ဗက်ဇ် ထက်ပိုငယ်တဲ့အတွက် ပိုတန်တယ်လို့ ဖာဂီယူဆမှာ မမှားပါဘူး။ ဖာဂီလည်း မီဒီယာတွေအသုံးချပြီး စကားခေါ်လွန်းတဲ့ တဲံ့ဗက်ဇ် ကို စိတ်ပျက်လောက်ပြီ လို့ လဲ ယူဆနိုင်ပါတယ်။

နောက် မီဒီယာတစ်ခုလုံးကို အံ့သြသွားစေတဲ့ သတင်းက ကျွန်တော်တို့ ဇရာထောက်လာပြီဖြစ်တဲ့ စစ်ပြန် အလယ်တန်း ဖန်တီးရှင် စကိုးလ် ပါပဲ။ တလောကမှ အနားယူဖို့ အချိန် သတ်မှတ်ပေးလိုက်တဲ့ စကိုးလ်ကို စတုပ်စီးတီးက ပလေရာ/နည်းပြ ခန့် ဖို့ ရန်စကားခေါ်ထားတယ် ဆိုတာပါပဲ။ နည်းပြလုပ်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ စကိုးလ် မန်ယူနိုက်တက်ကို ဒီတနွေမှာ စွန့် ခွာမလားဆို တာ သံသယဖြစ်စရာပါ။
Filed Under: Player News



0 comments
Trackback URL | Comments RSS Feed