မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United 5-2 Tottenham

57279460


ဒီနေ့ပွဲမှာ မန်ယူဟာ စပါးအသင်းရဲ့ ၂ ဂိုးပြတ်ဖြင့် ဦးဆောင်ခြင်းခံရပြီးမှ နောက်ကျဂိုးများဖြင့် ထိုက်ထိုက် တန်တန် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။


ပထမပိုင်း ၂၉ မိနစ် နှင့် ၃၂ မိနစ်တို့မှာ Bent , Modric တို့၏ သွင်းဂိုးများဖြင့် စပါးက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၅၇ မိနစ် မှာတော့ စပါးကစားသမားဟောင်း Carrick ကြောင့်ရသော Penalty ကို Ronaldo က အမှားယွင်း မရှိကန်သွင်းကာ ပထမချေပဂိုး ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မန်ယူဟာ ကစားအားတက်လာခဲ့ ပြီး စပါးအသင်းပေါ်ဖိကာစား နိုင်ခဲ့ပါတယ်။ ဆက်တိုက်ဆို သလိုဘဲ Wayne Rooney က ၆၇မိနစ်မှာ ဒုတိယချေပဂိုး ကို သွင်းယူနိုင်ခဲ့ပါတယ်။ အနိုင်သေချာစေမယ့် တတိယဂိုးကို ၆၈မိနစ် မှာ Ronaldo ကပဲ လှလှပပ ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Rooney နှင့် Berbatov တို့ က ဆက်လက်ဂိုးမိုး ရွာနိုင်ခဲ့ပါတယ်။


ယနေ့ပွဲ အနိုင်ရလဒ်ကြောင့် ကျွန်တော်တို့ မန်ယူဟာ ဇယားထိပ်ဆုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား နဲ့လက်တစ်ကမ်းအကွာ ကိုရောက်ရှိလာခဲ့ပါပြီ။

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply