မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs Fulham

လာမဲ့ ကြာသာပတေး မနက် ၂း၃၀ (မြန်မာအချိန်) မှာ ကျနော်တို့ မန်ယူအသင်းဟာ ပွဲကျန်တပွဲ အဖြစ် ဖူလ်ဟမ်နဲ့ အိမ်ကွင်း အိုးထရတ်ဖို့ဒ်မှာ ကစား ရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ မန်ယူအသင်းအတွက် အလွန် အရေးပါတဲ့ ပွဲတပွဲ အဖြစ် သတ်မှတ်လို့ ရပါတယ်။ မန်ယူအသင်းဟာ ဒီပွဲကို အနိုင်ကန် နိုင်ခဲ့ လျှင် ဒုတိယနေရာမှ လီဗာပူးလ်နဲ့ ငါးမှတ်အကွာ အနေအထားထိ ရောက်သွားနိုင်တာမို့ ဖလားသိမ်းနိုင်မဲ့ အခွင့်အရေး ရှိနေပါတယ်။ သရေကျ ခဲ့ရင်တော့ ၃ မှတ်အသာ ဖြစ်ပီး ရှုံးခဲ့သည် ရှိသော် ... ။


ဘယ်လိုပဲ ပြောပြော ဒီပွဲမှာလည်း မန်ယူအတွက် အခွင့်အရေးများစွာ ရှိနေပါတယ်။ သတင်းကောင်း တရပ်အနေနဲ့ ရူနီဟာ ဒဏ်ရာက ပြန်လည် ကောင်းမွန်လာပီ ဖြစ်လို့ ဒီပွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ အချိန်ပြည့်မကစားခဲ့ ရင်တောင် အစားထိုး ကစားနိုင်ခြေရှိပါတယ်။ စနေနဲ့ ကစားမဲ့ ဘလက်ဘန်းနဲ့ ပွဲမှာ တော့ သေချာပေါက် ပြန်ဝင် ကစားလာနိုင်မှာပါ။ ရူနီ ကစားနိုင်ခြင်းဟာ မန်ယူအတွက် ကံကောင်းမှု တရပ်ပဲဖြစ်ပါတယ်။ မန်ယူအသင်းအတွက် စိုးရိမ်ရတာက ဖူလ်ဟမ်နဲ့ အပီး စနေနေ့မှာ ဘလက်ဘန်း ဗုဒ္ဒဟူးနေ့မှာ အင်တာမီလန် (ချန်ပီယံလိဂ်) နဲ့ ကစားရမှာ ဖြစ်လို့ လူကို အကုန်ထုတ်သုံးနိုင်မယ်လို့ မထင်ပါဘူး။ ဖာဂူကြီးရဲ့ အစွမ်းကို ကြည့်ရမှာ ဖြစ်ပါတယ်။



ကျနော့်အတွက် ဒီပွဲကို ခန့်မှန်းပါဆို ဖူလ်ဟမ်ဟာ မန်ယူအသင်းအတွက် လွယ်ကူတဲ့ အသင်းတသင်းတော့ မဖြစ်နိုင်တာ သေချာပါတယ်။ ဗန်ဒါးဆားအတွက် စံချိန်ကို ထပ်တင်စေချင်ပေမဲ့ .. မန်ယူ ၁ - ၀ ဖူလ်ဟမ်၊ မန်ယူ ၁ - ၁ ဖူလ်ဟမ်၊ မန်ယူ ၂ - ၁ ဖူလ်ဟမ် ဖြစ်သွားနိုင်ပါတယ်။ ကဲ ဘယ်လိုဘယ်ပုံ ထွက်လာကြမလဲဆိုတာကိုတော့ ဖန်သားပြင်မှာ စောင့်ကြည့်ကြစို့ရဲ့။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply