မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဘော်တန် Vs မန်ယူ ပွဲကြိုသုံးသပ်ချက်များ



မြန်မာမန်ချက်စတာယူနိုက်တက်ဖိုရမ်မှ ကိုဖာဂီ ရဲ့ ဆွေးနွေးချက်
”””””””””””””””””””””””””””””””””””””””””””””””””””””””””””
ဒီတစ်ပတ် ပွဲစဉ် (၂၂)မှာ လီဗာပူးလ် ကလွဲပြီး ကျန်အသင်း ကြီးတွေ အားလုံး ပွဲချောင်တယ်လို့ပဲ ပြောရမှာပါ။ မန်ယူ တစ်သင်းသာ အဝေး ကွင်းမှာ ဘော်လ်တန်နဲ့ ကန်ရမှာမို့လို့ နည်းနည်း ရုန်းကန် ရနိုင်ပါတယ်။

ဒဏ်ရာရ စာရင်း

ဘော်လ်တန် - ဟန့်၊ မက်ကန်း၊ ကာဟေး၊ ကိုဟန်၊ အိုဘရိုင်ယန်၊ ဗက်ဇ်တီ

မန်ယူ - ရွန်နီ၊ အီဗရာ၊ ဖာဒီနန်၊ ဖော်စတာ၊ ဘရောင်း၊ ဟားဂရေ့

ဘော် တန် & မန်ယူ

ကျွန်တော် တို. မန်ယူ နည်းနည်းဂိုးရဖို.ရုန်း ကန် ရပါ မယ်။ မန်ယူ ရဲ့ ဂိုး တော် တော် များ များ က..အီ ဗရာ တိုက် စစ် တွဲ ရာ က နေ ..ရ တာ တွေ ရှိ တတ် ပါ တယ် ခု အီ ဗရာ မပါနိုင် ပြီးတော့.တကွင်းလုံးကစား ပြီး..ဒီ ရာသီ ရဲ့ အဓိ က..ရွန်း နီ နာ နေ တာ ပါ ဒို လေး က လည်း ပွဲ ကျပ် တွေ မှာ..ဂိုး မသွင်း နိုင် တာ တော် တော် ကြာ ပါ ပြီ.။

ပေးဂိုးတွက် ကတော့..ဘော်တန် တိုက် စစ် က အလုပ် မလုပ် နိုင် တာ ရယ်..သူတို. ကစား ပုံရယ် ကြောင့်.. ကြောက် စရာ မရှိပါဝူး...ဘော်တန် ကအသင်းကြီး ဆိုရင် ပိတ်ကစား တတ် ပါတယ်။ အာကြီး လို သင်း မျိုးကို တောင် ခံ ကစားတာ ..အာကြီး နဲ့ပွဲ မှာ ကျွန်တော် တို.ကြုံခဲ့ပြီးပါပြီ...။

ဒါ ပေ မဲ့ မန်ယူ ဟာ ဘော်တန် ကို..အရင် ကတည်းက..ကောင်းကောင်း အနိုင်ယူ နိုင် တဲ့ သာဓကတွေ...ပြီးတော့ဖာဂီကြီးကိုယ် တိုင် ကအလွယ် တကူ ဇယား ထိပ် ရောက် မယ် ပြော ထား တဲ့ တွက်..သိပ် ကြောက် ဖို.တော့ မရှိပါဝူး... ကျွန်တော် တို.မန်ယူ နဲ့ ပရိသတ် တွေ ဇယား ထိပ် မှာ ၀င့် ကြွား နိုင် ပါတော့မယ်..

ဖြစ် နိုင် ခြေ လူစာရင်း


ရှေတန်း =>တိဗက်..ဘာဘာတော့ဗ်

အလယ် တန်း =>ဒိုလေး..ဖလက်ချာ...ကာရစ်...ပက် ဂျီဆန်...

နောက်တန်း =>အိုရှေး..ဂယ်ရီနဗီး...ဗီဒစ်...အီဗန်

ခန်.မှန်း => ၀-၁ , ၀-၂ , ၀-၃


မော်ဒီရေတာ ကိုမန်ယူခရေဇီ ရဲ့ ဆွေးနွေးချက်
”””””””””””””””””””””””””””””””””””””””””
ဇယားထိပ်သို့ ပထမဆုံးအကြိမ်ရောက်ဖို့ ကြိုးစားမဲ့မန်ယူ

ဒီတစ်ပတ်စနေမှာတော့ ဘော်တန်တို့ရဲ့ ရီဘွတ်ကွင်းမှာ မန်ယူတို့ အနိုင်ယူနိုင်ခဲ့ရင်တော့ တနင်္လာနေ့ညပိုင်းအချိန်တိုင်အောင် (လီဗာပူးလ်နဲ့အဲဗာတန်တို့ရဲ့ပွဲအဖြေရလာဒ်မသိခင်အချိန်ထိ) မန်ယူအသင်း ဇယားထပ်ဆုံးမှာ နေနိုင်ပါလိမ့်မယ်။

ပြိုင်ဘက်လီဗာပူးလ်က ဒါဘီပွဲဆင်နွှဲနေချိန်မှာ မန်ယူတို့ ဘော်လ်တန်ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ အနိုင်ယူပါလိမ့်မယ်။ ရူနီ၊ ဖာဒီနန်နဲ့ အီဗရာတို့ ဒါဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘူးဆိုရင်တောင် စာရွက်ပေါ်က လူစာရင်းဟာ ဘော်လ်တန်ထက်တော့ သာနေပါလိမ့်မယ်။ ဘော်လ်တန်ထက်မာကျောလှတဲ့ ၀ီဂန်ကိုတောင် မန်ယူတို့ ကျဉ်းမြောင်းတဲ့ အနိုင်ရလာဒ်နဲ့အတူ အနိုင်ယူပြခဲ့ပါတယ်။

ဒါကြောင့် မန်ယူဟာ ဘော်လ်တန်ကို ကစားရခက်ခဲနိုင်ပေမဲ့ အနိုင်ကိုတော့ ရရှိသွားမှာပ

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply