မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

၁၂ ပွဲဆက်ပီ


ယနေ့ အဲဗာတန်နဲ့ပွဲမှာ မန်ယူအသင်းဟာ ဒဏ်ရာရ လူများကလွဲလို့ လူစုံပါဝင်ကစားသွားပါတယ်။ ရှေ့တန်းမှာ တီဗက်စ်နဲ့ ဘာဘာတော့ဖ်၊ အလယ်မှာ ဒိုလေး၊ ကာရစ်၊ ဖလက်ချာ၊ ပတ်ခ်ဂျီဆန်၊ နောက်တန်း ဖာဒီနန်၊ ဗီဒစ် တို့ဦးဆောင်ပီး ပွဲထွက်ခဲ့ပါတယ်။ အဲဗာတန် အသင်းဟာ မန်ယူကို အိုးထရတ်ဖို့မှာ တော်တော်လေးကို ခံကန် ခဲ့တာ တွေ့ရပါတယ်။ မန်ယူအသင်းအတွက် ဂိုးသွင့်ခွင့်များ ရရှိခဲ့သော်လည်း တဖက် ဂိုးသမား (မန်ယူ ဂိုးသမားဟောင်း) တင်မ်ဟောင်းဝပ် ကောင်းလွန်းနေတာကြောင့် ဂိုးမရရှိခဲ့ပါဘူး။ ပထမပိုင်း ပီးခါနီး မိနစ် အနည်းငယ် အလိုမှသာ ရော်နယ်လ်ဒိုရဲ့ ပင်နယ်တီကနေ ဦးဆောင်ဂိုး ရရှိပီး မန်ယူအသင်း ပွဲကို ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂစ်စ်၊ ဘရောင်းတို့ ၀င်လာပီး အားဖြည့် ကစားပေမဲ့ ဂိုးဆက်လက် မရရှိပဲ ပွဲအပီးမှာ မန်ယူအသင်းဟာ အဲဗာတန်ကို ၁ - ၀ နဲ့ အနိုင်ရရှိပီး ဗန်ဒါးဆားရဲ့ ၁၂ ပွဲဆက် ဂိုးမပေးရတဲ့ စံချိန်ကိုလည်း ဆက်တင်သွားနိုင်ပါတယ်။ ခုဆို မန်ယူအသင်းဟာ မနက်ဖြန် လီဗာပူးလ်နဲ့ ချဲလ်ဆီး အသင်း မကန်ခင်ထိ တပွဲလျော့နဲ့ ၅ မှတ်ဖြတ်ထားနိုင်ပီ ဖြစ်ပါတယ်။ ဒီရာသီ ကျနော်တို့ အတွက် ဖလားဟာ ဖာဂီပြောသလိုပဲ ရာသီအကုန်မှာ မန်ယူအတွက်ပဲ ဖြစ်တော့ပါမယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply