ကားလို့စ်တိဗက်စ်အား ခေါ်ယူရန်အတွက် မန်စီးတီးနှင့်အပြိုင် အင်တာမီလန်အသင်း ကြိုးပမ်းနေပြီ
လင်းထက်
|
15 January, 2009
|
0 comments

သရဲနီ တိုက်စစ်မှူး ကားလို့စ်တိဗက်စ်အား အင်တာမီလန်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း သိရသည်။ အီတလီအခြေစိုက် စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေသော အင်တာမီလန် အသင်းအနေဖြင့် မန်ယူတွင် နေရာအခက်အခဲနှင့် လစာငွေအခက်အခဲတို့ကြောင့် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချူပ်သက်တမ်း ကုန်ဆုံးတော့မည့် တိုက်စစ်မှူး တိဗက်စ်အား စိတ်ဝင်စားဖွယ် ကောင်းသည့် ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သို့သော် မန်ယူအသင်းတွင် ယခုအခါ ဒဏ်ရာကြောင့် နားရတော့မည့် ရွန်းနေ၏ နေရာတွင် ဘာဘာတော့ဖ်နှင့် တွဲကစားရန်အတွက် တိဗက်စ်အား မန်ယူနည်းပြက ပြန်လည် အသုံးပြုမည်ဖြစ်သဖြင့် တိဗက်စ်အနေဖြင့်သာ ခြေစွမ်း ပြန်လည် ပြသနိုင်ပါက ပြောင်းရွှေ့ရေးကိစ္စအား နှောင့်နှေးလာစရာ အကြောင်းရှိနေသည်။ ကားလို့စ်တိဗက်စ်၏ အေးဂျင့်ဖြစ်သူ က အတည်ပြုပြောကြားခဲ့ရာတွင် အင်တာမီလန်အသင်း၏ ဥက္ကဌ မိုရက်တီက မနေ့က မန်ချက်စတာ စီးတီးအသင်းကလည်း ကမ်းလှမ်းနေသည့် တိဗက်စ်အား အင်တာမီလန်အသင်းသို့ ခေါ်ယူရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။


Filed Under: Man U News



0 comments
Trackback URL | Comments RSS Feed