မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Man UTD 4 - 3 Hull

ဒီနေ့ပွဲမှာ မန်ယူဟာ ရှေ့မှာ ဘာဘာတော့ဖ်နဲ့ ရူနီ၊ အလယ်မှာ နာနီ၊ ရိုနယ်ဒိုလ်၊ အန်ဒါဆင်၊ ကာရစ်၊ နောက်တန်း ဖာဒီနန်၊ နဗီးလ်၊ ဗီဒစ်၊ အီဗရာ တို့နဲ့ပွဲထွက်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပွဲစလို့ သုံးမိနစ်မှာပဲ ဘာဘာတော့ဖ် ချပေးတဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက သွင်းယူပီး ဦးဆောင်ခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ အိမ်ကွင်းဖြစ်ပေမဲ့ ဟူးလ်စီးတီးကို ပြတ်ပြတ်သားသား ဖိ မကစားနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ၂၃ မိနစ်မှာ ရတဲ့ ပြစ်ဒဏ်ဘောကနေ ကာဆင်ဟာ ခေါင်းတိုက်ပီး ခြေပဂိုးသွင်းခြင်း ခံခဲ့ရပါတယ်။ ဒီလိုနဲ့ သူတပြန် ကိုယ်တပြန် ကန်လာရင် ၂၉ မိနစ်မှာ မန်ယူဟာ ကောင်တာကနေ တဆင့် ဘာဘာတော့ဖ်ချပေးတဲ့အလုံးကို ကာရစ်က သွင်းယူပီး အနိုင်ဂိုး ပြန်လည်ရရှိ စေခဲ့ပါတယ်။ ၃၀ မိနစ်မှာ ဒိုလေး ကန်သွင်းတာကို ဟူးလ် ဂိုးသမား ပုတ်ထုတ်ကာကွယ် နိုင်ခဲ့ပါတယ်။ ၃၉ မိနစ်မှာ ရူနီ သွင်းယူခဲ့တဲ့ အလုံးဟာ အောက်ဆိုက် အဖြစ် သတ်မှတ်ခံ ခဲ့ရပါတယ်။ ဒီနောက်မှာတော့ ပွဲကို သရဲနီတို့ ထိန်း နိုင်ခဲ့ပါတယ်။ ၄၄ မိနစ်မှာ နာနီတင်ပေးတဲ့ ထောင့်ကန်ဘောကနေ တဆင့် ရော်နယ်လ်ဒိုဟာ တဘက်အသင်း နောက်ခံလူများကြားမှ ဒီပွဲအတွက် သူ့ရဲ ဒုတိယမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒီလိုနဲ့ ပထမပိုင်း ပီးဆုံးခဲ့ပါတယ်။



ဒုတိယပိုင်း ပြန်စလို့ ၄၈ မိနစ်မှာ ရူနီခင်းပေးတဲ့ ဘောလုံးကနေ ဘာဘာတော့ဖ်သွင်းယူတာမှာ လွဲချော်ခဲ့တဲ့အတွက် တဂိုး နစ်နာခဲ့ရပါတယ်။ မန်ယူဟာ တောက်လျှောက် ဖိကစားခဲ့ပီး ၅၃ မိနစ်မှာ ဘာဘာတော့ဖ်ချပေးတဲ့အလုံးကို အပိုင်ကန်သွင်း ရာမှာ လွဲချော်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဘာဘာတောဖ့်ဟာ တော်တော်လုပ်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ၅၅ မိနစ်မှာ ရော်နယ်ဒိုလ်ဟာ ဟက်ထရစ် ရမဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ၅၆ မိနစ်မှာတော့ ရူနီ တင်ပေးတဲ့ ထောင့်ကန်ဘော ကို ဗီဒစ် ခြေထောက်နဲ့ ပိတ်သွင်းပီး စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။ ၅၈ မိနစ်မှာ ဟူးလ် အသင်းဟာ မန်ဒီနဲ့ ဟရုခ်ျ ကို လူစားလဲ ကစားစေခဲ့ပါတယ်။ ၆၂ မိနစ်မှာ နာနီအစား တီဗက်စ်ကို ထည့်ကာ ကစားစေခဲ့ပါတယ်။ ၆၈ မိနစ်မှာ ဟူးလ် ရှေ့တန်းက မက်ရှိန်း ဂိုးသမားကို ကျော်သွင်းတဲ့ အလုံးကို ဗီဒစ်က ကြိုးစားပမ်းစား ဖြတ်ထုတ်ခဲ့သော်လည်း ဘောလုံးဟာ စည်းကို ကျော်ခဲ့တာကြောင်း ဂိုးပေးခဲ့ရပါတယ်။ ဒီဂိုးဟာ စည်းတွင်း ၀င်တယ် မ၀င်ဘူးဆိုတာ အငြင်းပွားစရာ ဖြစ်ခဲ့ရပါတယ်။ ၇၁ မိနစ်မှာ ကာရစ်ကို အနားပေးကာ ဂစ်စ် ၀င်ကစားခဲ့ပါတယ်။ ၇၅၊ ၇၇ မိနစ်မှာ ရူနီရဲ့ သွင်းဂိုး၊ ၇၉ မှာ တီဗက်စ် ပိတ်သွင်းမှု တို့ မ၀င်ခဲ့တာကြောင့် ရသင့်တဲ့ ဂိုးတွေ နစ်နာခဲ့ရပါတယ်။ ၈၀ မိနစ်မှာ ဒိုင်က ဖာဒီနန် လူဆွဲပါတယ် ဆိုပီး ပင်နယ်တီ ပေးခဲ့ပါတယ် ဒီဂိုးကို ဟူးလ် က ဂျီနိုဗန်နီ က သွင်းယူပီး ၄ - ၃ အထိ ဖြစ်လာရပါတယ်။ ချန်ပီယံအသင်းတသင်းအနေနဲ့ ဒီလို ဂိုးပေးများမှုဟာ မဖြစ်သင့်ပါဘူး။ ပွဲပီးခါနီးမှာ ၂ ဘက်အသင်းဟာ အ၀ါတွေ ပလူပျံနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မန်ယူဟာ သုံးမှတ် ရယူနိုင်ခဲ့ပါတယ်။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. အညာသား says:

    ပွဲမစခင်ကတည်းက နိုင်မယ်ဆိုတာကတော့ အားလုံးသိနေပြီးသားပါ။ ဂိုးပြတ်မရခဲ့တာကတော့ မန်ယူအတွက် အခွင့်အရေးတစ်ခု ဆုံးရှုံးသွားတာပဲဗျို့...။ အဲဗာတန်နဲ့ပွဲကိုတော့ တော်တော် နှမျောမိတယ်ဗျ။

     

Leave a Reply