မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဖာဂီ့ နေရာယူချင်တဲ့ မော်ရင်ဟို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုလက်ရှိ မန်နေဂျာ ဖာဂူဆန်နေရာကို မော်ရင်ဟိုနဲ့ လည်းမယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့စကားတွေကို ငြင်းပယ်သွားပါတယ်။ မော်ရင်ဟို ဟာ အင်တာမီလန်နဲ့ ချုပ်ထားတဲ့စာချုပ် သက်တမ်းကုန်ဆုံးချိန် ၂၀၁၁ မှာ ပရီးမီးယားလိဂ်ကို ပြန်လည်အခြေချမယ်လို့ ဒီလ အစောပိုင်း က ပြောခဲ့ပါတယ်။ ဒါဟာ နောက် ၂ နှစ် ၂၀၁၀ မှာ မန်ယူမှာ စာချုပ်ကုန်ဆုံးမယ့် ဖာဂူဆန်ကို သွေးတိုးစမ်း သလိုဖြစ်နေပါတယ်။ သတင်းတွေကလည်း ဖာဂူဆန် အနားယူတဲ့အခါ အိုးထရတ်ဖို့ရဲ့ သခင်ဟာ မော်ရင်ဟို ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေကို မန်ယူဘုတ်အဖွဲ့ က ငြင်းပယ်ပီး ဖာဂူဆန်ကိုပဲ ဆက်လက်ဦးဆောင်ခိုင်းမယ်လို့ ဆိုခဲ့ပါတယ်။ မန်ယူ ရဲ့ ပြောရေးဆိုခွင့် ရှိသူက '' ကျနော်တို့ အကြိမ်ပေါင်း များစွာ ပြောခဲ့ပီးပါပီ ဖာဂီ့လို အောင်မြင်မှုတွေ သယ်ဆောင်ပေးမဲ့ သူဟာ ၂ဦး မရှိပါဘူး'' လို့ ပြောခဲ့ပါတယ်။ ဖာဂူဆန်ဟာ သူ့နာမည်ကို မန်ယူရဲ့ သမိုင်းမှာ မှတ်ကျောက် တင်ခဲ့ပြီး ဖြစ်ပါတယ်။ ဖာဂီဟာ ပြီးခဲ့တဲ့ မေမှာ ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ်မြောက် ယူဆောင်ပေးခဲ့ပီးတဲ့နောက်ပိုင်း ကလပ်သမိုင်းမှာ အအောင်မြင်ဆုံး မန်နေဂျာတယောက်ဖြစ်လာခဲ့ပါတယ်။









အောက်မှာဖွက်ထားချင်တာဒီမှာရေး

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply