မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ရော်နယ်လ်ဒိုရဲ့ ဂိုးတွေနဲ့ နိုင်ခဲ့တယ်


ဒီနေ့ပွဲမှာ မှန်းထားတဲ့အတိုင်း တီဗက်စ် ပွဲဦးထွက် ပါဝင်လာပီး ဘာဘာတော့ဖ်၊ ရော်နယ်လ်ဒိုတို့နှင့် တွဲကစား သွားခဲ့ပါတယ်။ အိမ်ကွင်းဖြစ်တာနဲ့အညီ ပွဲစတာနဲ့ တဘက်အသင်းကို ဖိကစား နိုင်ခဲ့ပီး ၁၀မိနစ် အတွင်း ဂိုးရနိုင်ခြေ ၃ ကြိမ်လောက် ရှိခဲ့ပါတယ်။ ၁၄ မိနစ်မှာတော့ ရော်နယ်လ်ဒိုက ဗွေဆော်ဦး ဂိုးကို သွင်းယူခဲ့ပီး မန်ယူ ကို တဂိုးအသာနဲ့ ဦးဆောင်စေခဲ့ပါတယ်။ ၂၃ မိနစ်မှာ ပက်ထရစ်အီဗရာဟာ အ၀ါကဒ်ပြ သတိပေးခြင်း ခံခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ဘာဘာတော့ဖ်၊ ရော်နယ်လ်ဒို၊ တီဗက်စ်နဲ့ နာနီတို့အတွဲဟာ အထူးပဲ အချိတ်အဆက် မိပီး တဘက် နောက်တန်းကို မကြာခဏ ဆိုသလို ခြိမ်းခြောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုနဲ့နဲ့ မိနစ် ၃၀ မှာ အန်ဒါဆင် ချပေးတဲ့ ဘောလုံးကို ဘာဘာတော့ဖ်က စည်းအတွင်းထိ အစွမ်းပြသယ်ဆောင်ကာ ဂိုးရှေ့ ဖြတ်ချပေးတာကို ရော်နယ်ဒိုကပဲ အပိုင်သွင်းယူပီး သရဲနီတို့ ၂ ဂိုး အသာနဲ့ ဦးဆောင် နေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သတိပြုမိတာက ညာနောက်ခံကစားသမား အသက် ၁၈ အရွယ် ဘရာဇီးလ်သားလေး ရာဖဲလ်ပါ။ ညာနောက်ခံ အတွက် စိတ်ချရမဲ့ ကစားသမား တဦး ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။



၄၉ မိနစ်မှာ တီဗက်စ် ဆွဲသွင်းလာတဲ့ ပြေးလမ်းကို ၀က်စ်ဟမ်း နောက်ခံလူက လူဆွဲဖျက်ခဲ့တာကြောင့် တဂိုး နစ်နာခဲ့ရပီး အဲ့ဒီအတွက် ပြစ်ဒဏ်ဘော ရခြင်းလည်း မရှိခဲ့ပါဘူး။ ၅၉ မိနစ်မှာ ဘာဘာတော့ဖ် ချပေးတဲ့ ဘောလုံးကို နာနီ ကန်သွင်းရာမှာ ထောင်တက်သွားတာကြောင့် တဂိုး နစ်နာခဲ့ရပါတယ်။ ၆၈ မိနစ်မှာ ဖလက်ချာနဲ့ ကာရစ်၊ နာနီနဲ့ ရူနီတို့ကို လူစားလဲကာ ကစားစေခဲ့ပါတယ်။ ၇၄ မိနစ်မှာ မန်ယူ နောက်တန်းဟာ ၀က်စ်ဟမ်းအသင်း အရှေ့တန်း လူကို လူကျွံဖမ်းကစားရာမှ လွတ်ထွက်သွားခဲ့ပီး ကန်သွင်းတဲ့ ဘောလုံးကို ဂိုးသမား မိခဲ့လို့သာ မန်ယူတို့ ခြေပဂိုး တဂိုး ပြန်ပေးရမဲ့အနေအထားက လွတ်ခဲ့ပါတယ်။ ၇၆ မိနစ်မှာ ရူနီ ၁၈ ကိုက် စည်းအပြင်က အပြင်းကန်သွင်းတာကို ၀က်စ်ဟမ်း ဂိုးသမား ပုတ်ထုတ် ကာကွယ် နိုင်ခဲ့ပါတယ်။ ၈၀ မှာတော့ ရာဖဲလ်နဲ့ နဗီးလ်ကို လူစားထိုး ကစားစေခဲ့ပါတယ်။ ၈၈ မိနစ်မှာ အီဗရာဆီက လွတ်ထွက်လာတဲ့ ဘောလုံးကို ရော်နယ်ဒို ကန်သွင်းရာမှာ ဂိုးသမား မိခဲ့တာကြောင့် ဟက်ထရစ် ရမဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ပွဲအပီးမှာ ၀က်စ်ဟမ်း အသင်းကို ၂ - ၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply