မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

We will Win Chelsea


လာမဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ကျနော်တို့အသင်းဟာ အနိုင်ယူ နိုင်ပါတယ်လို့ ဖာဂူဆန်က ပြောကြားလိုက်ပါတယ်။ ကျနော်တို့ ချဲလ်ဆီးရဲ့နောက် ကိုးမှတ်အကွာမှာ နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ချဲလ်ဆီးမှ မဟုတ်ပါဘူး ဘယ်အသင်းရဲ့ နောက်မှာမှ အဲဒီလို နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။



လာမဲ့ပွဲမှာ ချဲလ်ဆီးဟာ မန်ယူကို လျှော့တွက်လို့ မရဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း သိပါတယ်။ သူတို့ရဲ့ အဓိက အလယ်တန်း မောင်းနှင်အား ဖြစ်တဲ့ မက်ခ်လီလီ မရှိသလို အက်ဆီယန်ဟာလည်း ဒဏ်ရာကြောင့် ဒီပွဲမှာ ပါနိုင်မှာမဟုတ်ပါဘူး။ ချဲလ်ဆီးရဲ့အလယ်တန်းက ဒေကို နဲ့လမ်းပတ် ကောင်းတာ မှန်ပေမဲ့ ကျနော်တို့မှာလည်း ပေါလ်စခိုးနဲ့ အိုဝင်ဟားဂရိဖ် ရှိပါတယ်။ ဘေးနှစ်ဘက်ကနေ မွှေနောက်ထိုးဖောက်မယ့် ဂစ်စ်နဲ့ ရော်နယ်ဒိုလည်း ရှိပါတယ်။ ရော်နယ်လ်ဒိုက " ကျနော်ခု ဒဏ်ရာကနေ ပြန်ကောင်းလာပါပီ ချဲလ်ဆီး အသင်းသားတွေ ကျနော့်ကို ထိန်းချုပ်ဖို့ မလွယ်ဘူးဆိုတာ ကစားတဲ့အခါ သူတို့ သိစေမှာပါ " လို့ ပြောခဲ့ပါတယ်။ ဒီပွဲဟာ ရော်နယ်လ်ဒိုနဲ့ ဘာဘာတော့ဖ်တို့ ပထမဆုံးတွဲကစားမဲ့ ပွဲဖြစ်သလို ရူနီ၊ တီဗက်စ် အစ ရှိတဲ့ ကစားသမားတွေကို ချဲလ်ဆီးအနေနဲ့ လျှော့တွက်ခဲ့ရင်တော့ သရဲနီတွေက စတမ်းဖို့ဒ်တံတားကို ရိုက်ချိုးပီး သုံးမှတ်ယူက ပြန်လာပါလိမ့်မယ်။ သို့ပေမဲ့ အဂ်လန်နည်းပြဟောင်း တဦးဖြစ်တဲ့ တယ်ရီ ဘာနေဘယ် ကတော့ ဒီပွဲမှာ ရှိသမျှ တိုက်စစ်မှူး အားလုံး ထုတ်မသုံးသင့်ဘူးလို့ ထင်မြင်ချက် ပေးခဲ့ပါတယ်။

Source : Manchester United Official Site and Soccer Way


Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. Anonymous says:

    ရယ်ခြင်တယ် သာခင် မဟုတ်တော့ဘူး ရယ်ချင်တယ် ဖာခင်ရယ်လို့ဘဲ ပြောချင်တယ် ခွိခွိ

     

Leave a Reply