ဘာဘာတော့အတွက် မလှပခဲ့တဲ့ ညလေး
လင်းထက်
|
27 September, 2008
|
1 comment
နိုင်ပါတယ်ဗျာ... ဒီနေ့ပွဲလူထုတ်ပုံကို ကြိုက်ပါတယ်။ နောက်ပွဲ ၁ရက်နေ့ကစ်မယ့်ချန်ပီယံလိဒ်အတွက်လည်း ပူစရာ မလိုတော့ဘူးလေ... ဒိုလေးလည်း သူရဲ့ ဒုတိယဂိုးကို သူကိုယ်တိုင်ဆင်ပီးရတဲ့ ပင်နယ်တီကနေ သွင်းသွားပါတယ်။ အပျော်ဆုံးကတော့ ရွန်နီလေး ဒီရာသီရဲ့ ပထမဆုံးဂိုး ရသွားတာပါဘဲ သွင်းသွားတဲ့ ပုံစံလေးကလည်း ရသပါဘဲ။ ဘာဘာတော့ အတွက်တော့ စိတ်မကောင်းဘူး။ သူလည်းဂိုးသာ မရတာပါ ဒီနေ့ကစားသွားတာ ဆင်ပေးသွားတာတွေ အများကြီးပါ။ သူလည်း တဖြည်းဖြည်းနဲ့ နစ္စတယ်ရွင်းလို ဖြစ်လာမှာပါ။ သူ့ကိုတော့ ကျွန်တော် အရမ်းမျော်လင့်ထားပါတယ်။ တီဗက်လေးလည်း ချန်ပီယံလိဒ်အတွက် အားချန်ထားရတော့ ဂိုးမယူသွားနိုင်ဘူး။ ပထမပိုင်းမှာ ရင်ဖိုခဲ့၇ပါတယ်။ ဘော်တန်ကလည်း ဘော်တန်မို့လို့ ဟီး တလွဲတွေ လုပ်နေလို့ ခံသာသွားတာ။ ရွန်နီနဲ့ ပေါယ်စခိုးယ် ဝင်လာပီး နောက်ပိုင်း ခြေစွမ်းကတော့ ထပ်ဆင့်ချန်ပီယံ ခြေစွမ်းပါဘဲ။ ဂိုးသွင်းခွင့်တွေလည်း အများကြီးရခဲ့ပါတယ်။ ဂျီဆန်လေးလည်း အကောင်းဆုံးလုပ်သွားတယ်ဗျာ။ အာရှသားကိုယ်စား ဂုဏ်ယူပါတယ်။ ဟီးးး ဘယ်တော့များ မြန်မာကစားသမား မန်ယူအသင်းမှာ မြင်ရမလဲ မသိ ။
ကဲဗျာ။။။ ဘာဘာတော့လေးအတွက် ဂိုးအမြန်ဆုံးရပါစေလို့ ဆုတောင်းပေးကြရအောင်... ချန်ပီယံလိဒ်မှာ ဘာဘာတော့ နဲ့ ရွန်နီ တီဗက်စ်လေးတို့ တဂိုးဆီ သွင်းနိုင်ပါစေလို့...
ချန်ပီယံလိဒ်ပွဲအကြို ဆုတောင်းလိုက်ပါတယ်။
Filed Under: Match Review
ဟုတ်တယ် ဘာဘာ အတွက် အရမ်းစိတ်ဆင်းရဲခဲ့တာ သူစိတ်ဓါတ်ကျသွားမှာကို စိုးရိမ်နေတယ် ရွန်နီက တို့အကြိုက်ဆုံး ကစားသမားဖြစ်ပေမယ့်
သူ့ထက် ဘာဘာတော့ဗ်ကို ပိုပြီး ဂိုးသွင်းစေခဲ့ချင်တာ နောက်နေ့ပွဲမှာ ဂိုးသွင်းနိုင်ပါစေ ဘာဘာတော့ဗ်ရေ