တနုံ့နုံ့ရယ် ..
တွေးလိုက်တိုင်း တနုံ့နုံ့၊ ပြန်မြင်ယောင်တိုင်း စိတ်ပျက်လောက်အောင် ဖြစ်လာတာမို့ မနက် အလုပ်ပီးတဲ့ အချိန်ထိ မစောင့်နိုင်တော့ပဲ အားလပ်ချိန်လေးမှာ အသည်းအသန် ပြေးရေးမိပါတယ်။
ဘာအကြောင်းလဲ ဆိုတော့ကာ ဒီနေ့ ကန်ခဲ့တဲ့ လီဗာပူးလ် - မန်ယူ ပွဲဖြစ်ပါတယ်။ ဆယ်နှစ်အတွင်းမှာ မန်ယူဟာ လီဗာပူး အိမ်ကွင်းမှာ တပွဲ ရှုံး တပွဲ သရေက လွဲလို့ ကျန်တဲ့ ရှစ်နှစ်မှာ အနိုင်ရခဲ့ပါတယ်။ ကျနော်ဟာ သရဲနီ ပရိတ်သတ် ဖြစ်ခဲ့တာ ၁၀နှစ်ကျော် ကြာခဲ့ပါပီ။ ငယ်ငယ်လေးတည်းက အားပေးခဲ့တဲ့ အသင်းမို့ ဒီအချိန်မှာ သရဲတွေရဲ့ ကျနော့ကို စိုးမိုးနိုင်စွမ်းဟာ အမြင့်ဆုံးပါပဲ။ သရဲနီတွေ အောင်ပွဲ ခံရင် ကျနော် ထပ်တူပျော်တယ်။ ကျရှုံးရင် ကျနော် သူတို့နဲ့ ထပ်တူ ၀မ်းနည်းရတယ်။
အခုကန်ခဲ့တဲ့ပွဲဟာ ပထမပိုင်းကို လွတ်လွတ်ကျွတ်ကျွတ် ကြည့်ခဲ့ရပေမဲ့ ဒုတိယပိုင်းဟာ ကျနော့ အလုပ်ချိန်အတွင်းမှာ ဖြစ်တာကြောင့် အသည်းအသန် လူကြီးကို request လုပ်ပီး ကြည့်ခဲ့ရတာပါ။ ပွဲပီးတော့မှ မကြည့်မိရင် အဲ့လောက် စိတ်ထိခိုက်ရမှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။ ဒီပွဲမှာ နှစ်ဘက်အသင်းဟာ ဒဏ်ရာကြောင့် ပါဖို့ မသေချာဘူးဆိုတဲ့ ကစားသမားတွေကို ထုတ်သုံးသွားတာ တွေ့ရပါတယ်။ သရဲနီဟာလည်း C.Ronaldo တယောက်က လွဲရင် ကျန်တဲ့ကစားသမားတွေကို ထုတ်ကာ လီဗာပူး အသင်းရဲ့ အိမ်ကွင်းမှာ ကြံ့ကြံ့ခံကစား ခဲ့ပါတယ်။ ပွဲစလို့ သိပ်မကြာခင်သုံးမိနစ်မှာ သရဲနီအသစ် ဘာဘာတော့ဖ် ခင်းပေးတဲ့ ဘောလုံးကို တီဗက်စ် သွင်းယူရာက တဂိုး ဦးဆောင်ခဲ့တော့ ပျော်လိုက်တာဆိုတာ ပြောမနေပါနဲ့။ လီဗာပူး ပရိတ်သတ် သူငယ်ချင်းကိုလည်း စလိုက်သေးတာပေါ့။ အဲ ပထမပိုင်း ပီးခါနီးမှာပဲ ဗန်ဒါးဆားနဲ့ ၀က်စ်ဘရောင်းတို့ နားလည်မှု မှားရာက ကိုယ့်ဂိုး ကိုယ်သွင်းမိကာ နစ်နာစရာကောင်းလှတဲ့ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။
လီဗာပူးမှာ မကစားနိုင်ဘူး ထင်ရတဲ့ Steven Gerrard၊ Fernando Torres၊ အပြင် Babel တို့ဟာ ပထမပိုင်းမှာ ၀င်မကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ လူစုံ ၀င်ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သရဲနီ ဗီဒစ်ရဲ့ Found ကနေ Vidic ဟာ အနီကတ်ဒ်ရပီး ထွက်ခဲ့ရတဲ့ နောက်ပိုင်း လီဗာပူးဟာ လူစုံထည့်ပီး ဖိကစားခဲ့ရာကနေ Babel ရဲ့ အနိုင်ဂိုးသွင်းတာကို ကြည့်လိုက်ရတဲ့အခါ ခံပြင်းလွန်းတာကြောင့် ခုံကို လက်သီးနဲ့ ထိုးမိတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပွဲဟာ လီဗာပူး ၂ - ၁ မန်ယူ နဲ့ ပီးဆုံးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပေမဲ့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ သရဲနီတွေနဲ့ ကြိုးကြာတွေကို ဂုဏ်ယူပါတယ်။ နောက်တကြော့တွေ့မဲ့ Man Utd ရဲ့ Home Old Tradfford မှာ MU Revenge ဘယ်လိုလာမလဲ ဆိုတာ ထပ်မျှော်လင့်ရင်း ဘယ်လိုမှ စိတ်မပါတော့မဲ့ ရှည်လျားတဲ့ ညတညကို ဖြတ်သန်း ပါတော့မယ်။
ထပ်တူ ၀မ်းနည်းရပါတယ် သရဲနီ။
အမှားပြင်ဆင်ချက် ။ ။ မန်ယူ ဒုတိယဂိုး အသွင်းခံရတာဟာ ဗီဒစ် မထွက်ခင်တည်းကပါ။ မှားယွင်းစွာ ဖော်ပြမိတဲ့ အတွက် စာဖတ်သူ အားလုံးကို တောင်းပန်ပါတယ်။
Filed Under: Match Review
ကျွန်တော်တို့ သရဲနီ အားလုံး ကိုမိုးသောက်ယံ လိုပဲ ထပ်တူထပ်မျှ ခံစားရပါတယ်..။
နံရံကိုမထိုးနဲ့ ခေါင်းနဲ့အရှိန်ပြင်းပြင်းတိုက် သေသွားလဲ ၀မ်းမနည်းဘူး ဟူးဟူး ရယ်ရတယ်
မနေ့ညကကန်ကဲ့ပွဲမှာတော့ မန်ယူရဲ့ ကစားကွက်ဟာ မိနစ် ၂၀လောက်ထိပဲ လီဗာပူးကိုခြိမ်းခြောက်နိုင်ခဲ့ပါတယ်...။
ကျန်တဲ့အချိန်တွေမှာတော့ မန်ယူရဲ့ ကစားတဲ့ပုံစံက ဒီလောက်ကြီးမဟုတ်ခဲ့ပါဘူး...။ နောက်ပြီးတော့ စာရေးသူ အမှတ်မှားသလားတော့မပြောတက်ပါဘူး..။
ဗီဒစ် ၂ ၀ါ ၁ နီနဲ့ထွက်သွားရတဲ့ အချိန်ဟာ မန်ယူဟာ ဒုတိယဂိုးကိုပေးလိုက်ရပြီးပါပြီ...။ ဗီဒစ်ထွက်ပြီးမှ ဒုတိယဂိုးပေးလိုက်ရတာ မဟုတ်ပါဘူး...။
ပထမဂိုး ၀က်စ်ဘရောင်းနဲ့ ဗန်ဒါဆာ တို့ရဲ့ နားလည်မှုလွဲပြီးပေးလိုက်ရတာတော့ တော်တော်ကိုနှမြောဖို့ကောင်းသလို မန်ယူအတွက်လဲတော်တော်ကို နစ်နေစေခဲ့ ပါတယ်...။ ကျွန်တော့်အမြင်ကတော့ မနေ့ကပွဲကအရှုံးဟာ ရှုံးသင့်လို့ရှုံးတဲ့ပွဲလို့ပဲမြင်မိပါတယ်..။ (ကျွန်တော့်ရဲ့ထင်မြင်ချက်သက်သက်သာဖြစ်ပါတယ်) ဘင်နီတက်ဇ် လက်ထက်မှာ မန်ယူကို ပထမဆုံးနိုင်ပွဲရသွားတာ ပေါ့...။ ကျွန်တော့်တို့ရဲ့ အိုးထရက်ဖို့ဒ်မှာတော့ ဒီအရှုံးကိုပြန်ပြီးချေဖျတ်နိုင်မယ်လို့ယုံကြည် ပါတယ်...။
anonymous ဆိုတဲ့သူရေ... မန်ယူကိုမကြိုက်ဘူးဆိုရင်လဲ ဒီဘလော့ဂ်ကိုလာမဖတ်ပါနဲ့လို့ပဲ အကြံပေးပါရစေ..။
အခုလို သူများခံစားပြီးရေးထားတဲ့စာကိုတော့ အပြုသဘောမဆောင်တဲ့စာမျိုးလာရေးတာတော့မကောင်းပါဘူး..။
ဟဒွက်ခဘဲ မကြိုက်ရင်မလာရဘူးမဟုတ်ဘူး မလာစေချင်ပိတ်ထားလိုက် ကြောက်မနေနဲ့ မန်ယူရဲ့ official website မှာတောင်စာပို့ပြီးသွားပြောင် လို့ရတယ် သင့်အမြင်ကိုလေးစားပါတယ်လို့တောင် စာပြန်လိုက်အုံးမယ် ဘလော့တစ်ခုဖွင့်ထားရင် ပိုစ့်တစ်ခု တင်ထားရင် မကြိုက်ရင်ပြောင်မယ် ဝေဖန်မယ် အဲဒါတော့ နားလည်ပါ ဟေးဟေး ငိုမနေနဲ့ အပိုဘဲ
ဟုတ်ကဲ့ ကျနော်အမှတ်မှားတာပါ Hero ရေ .. အလုပ်ချိန် မှာ အသည်းအသန် တင်လိုက်ရတော့ ပွဲကို သေချာပြန် မစဉ်းစားမိပါဘူး။ ကျေးဇူးပါ ကျနော်ကတော့ မန်ယူကို ချစ်တယ်ဗျာ ဘယ်ပွဲကစားကစား ရှုံးသင့်တဲ့ ပွဲရယ်လို့ မမြင်ဘူး ပွဲတိုင်းနိုင်စေချင်တာ ..
anonymous .. ကျေးဇူးပြုပီး ကျနော့် ကို ပျက်ရယ်မပြုပါနဲ့ လားဗျာ .. ခင်ဗျားကိုယ်တိုင် အားကစား တခုခုမှာ ကိုယ်တိုင်လည်း ၀ါသနာပါ .. ထပ်တူ ချစ်နိုင်မယ်ဆို ခင်ဗျားလည်း ကျနော့နည်းတူ ခံစားမိမှာပါ .. ကျနော့်အထင်တော့ ခင်ဗျားဟာ ဟိုလိုလို ဒီလိုလို ဖြစ်နေတာ ထင်ပါတယ် .. အသင်းတခုခုကို နှစ်မြုပ်ပီး အားမပေးတတ်သေးပါဘူး .. whatever thz for ur comments ..
အားလုံးပဲဝမ်းနည်းတာတော့ဝမ်းနည်းတာပေါ့နော်။ ဒါပေမဲ့
ပျက်ရည်ပြုစရာပုံစံမျိုး၊အရုံးပေးသလိုမဖြစ်အောင်လေးနေရ
အောင်ဗျာ။
anonymous ရေကြိုက်သလိုဝေဖန်နိုင်ပါတယ်။ ကိုယ်ကောင်းရင်ကိုယ်ခေါင်းဘယ်မှမရွေ့ပါဘူး။
P.s နော်တော်သရဲနီတို့လည်းခွင့်လွတ်လိုက်ပါဗျာ။ နော်တော်တို့ကိုမှားနေတယ်လို့ပြောတာမဟုတ်ဘူးနော်။ ဖြစ်သင့်တယ်ထင်လို့ပါ။
ကျွန်တော်ဒီမှာစာလာဖတ်တာ comment တွေဝင်ရေးတာဟာ ကျွန်တော်တို့ ဖန်တူအချင်းချင်းရဲ့မန်ယူအပေါ်အမြင်လေးတွေကို ဆွေးနွေးချင်လို့ပါ...။
ဆန့်ကျင်ဘက်လူတွေရဲ့ blind ကြီးတိုက်ခိုက်တာကိုပြန်ပြီးငြင်းခုန်တာတွေမပြုလုပ်ချင်တော့လို့ forum တွေမှာတောင်ဝင်မရေးတော့ပဲ ဒီဘလော့ဂ်လေးမှာပဲလာ ဖတ်ပြီး ကျွန်တော့်အမြင်လေးတွေကို မန်ယူချစ်တဲ့သူအချင်းချင်းဖလှယ်နေတာပါ...။ ငြင်းခုန်တာမလုပ်ချင်ရင် မရေးနဲ့ပေါ့လို့ပြောလိမ့်မယ်..။ဟုတ်ကဲ့ ကျွန်တော်ဟာ အဲဒီလောက်ထိ သည်းခံတက်တဲ့သူတွေထဲမှ မပါသေးပါဘူး..။ ပြီးတော့ မန်ယူကိုလာပြီး တိုက်ခိုက် ပြောဆိုတာဟာ ကျွန်တော့်ကို ပြောတာထက် ပိုပြီးနာပါတယ်..။ အဲဒါကြောင့် မနေနိုင်မထိုင်နိုင်ဝင်ဝင်ပြောမိနေတယ်..။
ကိုanonymous ရေ... ကြိုက်သလိုသာဝေဖန်ရေးသားနိုင်ပါတယ်...။ ကျွန်တော်ပြောတာ ဝေဖန်တာမခံနိုင်လို့မဟုတ်ပါဘူး..။ အစ်ကို ရေးထားတဲ့ ဝေဖန်တယ်ဆို တဲ့စာမှာ ဘယ်နားမှာဘယ်လိုများဝေဖန်ထားလဲတော့ ကျွန်တော်လဲမပြောတက်ဘူး..။ ကျွန်တော်မြင်တာကတော့ ဒီပို့စ်ကိုရေးထားတဲ့ စာရေးသူကို လှောင်ပြောင် ထားတယ်လို့ခံစားမိလို့ ကျွန်တော်ဝင်ပြောမိတာပါ...။
မဆိုင်ဘူးထင်တယ် မိုးသောက်ယံ အားကစားအသင်းတစ်ခု အမြဲမှမနိုင်တာ နိုင်တာနဲ့ ရှုံးတာရှိတယ် မန်ယူအားပေးလို့ မန်ယူအမြဲနိုင်ရမယ် ဆို တခြားအသင်းတွေနဲ့ ကစားမနေနဲ့ မန်ယူ က နဲ့ မန်ယူ ခ နဲ့ နှစ်သင်းခွဲကစား နိုင်တဲ့အသင်း မန်ယူဘဲပေါ့ နှစ်မြုပ်ပြီး အားမပေးတတ်ဘူး လို့ပြောတယ် မလိုပါဘူး အတ္တစွဲတွေမထားရဘူးလေ ဟီးဟီး
ကြယ်ဇင်သွေးလေးက မဆိုးဘူး နားလည်မှုရှိတယ်
hero ကသူရဲကောင်းဆိုပြီး ခေါင်းအုံးဖက်ငိုနေတယ် မပူနဲ့ ချန်ပီယံလိ မှာ ရှုံးအုံးမယ် အဲဒီတော့ ထပ်လာခဲ့မယ် နောက်အပတ် ချယ်ဆီးကို ရှုံးအုံးမှာ အဲဒီတော့ထပ်လာအုံးမယ် တနုံနုံရယ် မဟုတ်ဘူး တနုံနုံငိုကို လာကြည့်မယ်