မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူကို ရှာဖွေတွေ့ရှိခြင်း

(၉) တန်းကျောင်းသားဘဝ

ည (၁၀) နာရီရောက်ပြီဆို ကျွန်တော်တို့ ကျောင်းသား (၃)ယောက် ဆရာ့နား ချည်းကပ်ပြီး ဟိုပြောဒီပြောလုပ်ကြတယ်။ နောက်ဆုံး စကားပိတ်အနေနဲ့ ကျွန်တော်တို့ ကျောင်းသား သုံးယောက်က ဆရာ့ကို ”ဆရာ ဒီနေ့ ဘောလုံးပွဲမရှိဘူးလားလို့” ရေလာမြောင်းပေး လုပ်ကြတယ်။ ကျွန်တော်က အဲ့လို မေးလိုက်ပြီဆိုရင် သူငယ်ချင်းတစ်ယောက်ကလည်း ”ဒီနေ့ ပရီးမီးယားလိပ်ပွဲ ရှိတယ်ကွ” လို့ အားကျမခံ ပြန်ပြောလေ့ရှိတယ်။ အဲ့ဒါဆိုရင် ဆရာက ခေါင်းထောင်လာပြီ။ ဆရာကလည်း ဘောလုံးအိုးကြီးဗျာ။ အိုးကြီးဆိုတာက ကျွန်တော်တို့ အသုံးအနှုန်း။ တကယ်တော့ အိုးကြီးရဲ့ အဓိပာယ်က ၀ါသနာအိုးကြီးကို ပြောတာ။ ဆရာက ဘောလုံးအသံကြားပြီဆိုရင် မနေနိုင်တော့ဘူး။ ထမင်းမေ့ ဟင်းမေ့ ကျွန်တော့်လိုပဲ။(အသားယူတာ)။ ကျွန်တော်နဲ့ ဆရာ မတူတာ တခုကတော့ ကျွန်တော်က ဘောလုံးကို ကျွမ်းကျင်အောင် ကန်တတ်တယ်။ (ကြွားတာ)။ ဆရာက ဘောလုံးကို မကန်တတ်ဘူး။ အဲ့ဒါမတူတာ။ ဘောလုံးပွဲတွေ ကြည့်တဲ့ ၀ါသနာကိုတော့ ကျွန်တော် ဆရာ့ကို မမှီဘူးဗျ။ ကြုံတုန်းပြောရဦးမယ်။ ဆရာရဲ့ အမျိုးသမီးကလည်း ဆရာမပဲဗျ။ ရှင်းရှင်းပြောရရင် အဲ့ဒီ ဆရာမက ကျွန်တော်တို့ရဲ့ အတန်းပိုင်ဗျ။ ဆရာမက ဆရာ့ကို နိုင်တယ်ဗျ။ နိုင်တယ်ဆိုတာထက် ဆရာက ဆရာ့ရဲ့ အမျိုးသမီး ကျွန်တော်တို့ရဲ့ အတန်းပိုင် ဆရာမကို ပိုအလျှော့ပေးတယ်လို့ ဆိုရမယ်။ အဲ့ဒါက ချစ်တာကိုး။ ဆရာ့မှာ သမီးသုံးယောက်ရှိတယ်ဗျ။ နာမည်တွေက အရှည်ကြီးပဲ။ အဲ သမီးအကြီးဆုံးကတော့ ကျွန်တော်တို့နဲ့ အတန်းအတူတူပဲ။ အခုတော့ ဘွဲ့လွန်တွေ ဘာတွေရလို့။ ကျွန်တော်လည်း မြန်မာမှာ ပြန်နေချင်လာပြီဗျ။ ဟဲဟဲ။ ဘာမှမဆိုင်ဘူး။ သူ့ကိုတော့ ဘလော့ဂ်ဂါကိုကို၊ ညီညီတွေ ကြင်ဖော်ရွေးမယ် မကြံနဲ့နော်။ သူကတောင် ပေါ်တင် ပြန်တောင်းလိုက်ဦးမယ်။ ဟတ်ဟတ်။ သူကအခြောက်ဆိုပါတော့။ ဒါပေမဲ့ အခုတော့ အစိုဖြစ်သွားပြီ ထင်ပါရဲ့။ ဓါတ်ပုံထဲမှာ ထမိန်တွေ ဘာတွေ ၀တ်လို့။ ကဲဆက်ပြောနေရင် ဒီကောင် ရှမ်းကလေး သယ်လည်း လေရှည်ပါလားလို့ ပြောနေဦးမယ်။ ကဲကဲကဲ လိုရင်းနဲ့ တိုရှင်းပဲ ပြောတော့မယ်။
ကျွန်တော်မန်ယူကို စတွေ့တာက ဒီလိုဗျ။ (၉)တန်း နှစ်လယ်လောက်မှာ ကျွန်တော်တို့ ကျူရှင်တွေ ပိတ်ကြတယ်။ အဲ့လိုဆို ကျွန်တော်က အဆောင်မှာ တစ်ဗွေထဲပဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လိုပေါ့ဗျာ။ ဘာမှလည်း ဆိုင်ဘူး။ အဆောင်က ဆရာ၊ ဆရာမ အဆောင်မှာနေတဲ့ မိန်းကလေး သူငယ်ချင်းတွေကအစ အဆောင်မှာ တစ်ဦးတည်းသော ယောက်ကျားလေးမို့ ကျွန်တော့်ကို အလိုလိုက်ကြတယ်။ အဲ့ဒီထဲမှာ ဘောလုံးဝါသနာအိုးကြီး ဆရာ့ရဲ့ ဇနီးချော ကျွန်တော်တို့ အတန်းပိုင် ဆရာမလည်း ပါတယ်ပေါ့ဗျာ။ ဆရာမတွေထဲမှာ ကျွန်တော်က အဲ့ဒီဆရာမကို အကြောက်ဆုံးပဲဗျ။ သူကိုယ်တိုင်က ကျွန်တော့်ကို ဂရုတစိုက်နဲ့ သင်ကြားပေးတာကိုး။ မကြောက်လို့လည်း မရဘူးဗျ။ ကျူရှင်တွေပိတ်တော့ ကျွန်တော့်ရဲ့ ယောက်ကျားလေး သူငယ်ချင်းတွေလည်း သူတို့ အိမ်ပြန် ကြတာပေါ့။ ကျွန်တော်ကတော့ တကိုယ်တည်းပေါ့။ ပြန်စရာအိမ်မှ မရှိတာ။ အဲ့ဒီအချိန်မှာ ငယ်ငယ်တုန်းက ပြတင်းပေါက်ကနေ လက်ယက်ခေါ်နေတဲ့ မေ့မေ့ကို အရမ်းသတိရတာ သိလား။ ဒါပေမဲ့ဗျာ... ပြောရင်းနဲ့တောင် ကျလာပြီ မျက်ရည်။ ဒါပေမဲ့နဲ့ပဲ အဆုံးသတ်ပါရစေဗျာ။ ဘာမှလည်း ဆိုင်ပြန်ဘူး။
ကဲဒီတခါ တကယ်လာပြီ။ ကျူရှင်ပိတ်တဲ့ ရက်တွေထဲမှာ ကျွန်တော်နဲ့ ဆရာကတော့ အခွင့်အရေးတွေကို အဆုံးရှုံးမခံပဲ ဘောပွဲတွေကို ထိုင်ကြည့်ကြတာဗျာ။ အဲ့ဒီမှာဗျာ မန်ယူက ရိုးနီကို စတွေ့တာ။ ဘောလုံးကို အရှေ့ချပြီး တစ်ဖက်နောက်တန်းရဲ့ လူနှစ်ယောက်ကြားထဲကနေ ကိုကိုရိုးနီ ဘောလုံးပြေးယူတာ မြန်လိုက်တာများဗျာ ကျွန်တော်ဆို ကြည့်လို့ကို မ၀ဘူး။ အဲ့ဒီအလုံးက ဂိုးလည်းရသွားတယ်ဗျ။ အဲ့ဒီမှာ မန်ယူကို စတွေ့တာ။ ဒါပေမဲ့ဗျာ ကိုးတန်းကျောင်းသား ဘ၀မှာ မန်ယူပွဲကို ကြည့်ရတာ ခုဏကပြောတဲ့ ပွဲနောက်ဆုံးပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျူရှင်တွေက ပြန်ဖွင့်တာကိုး။ အဆောင်မှာ နေတဲ့ သူငယ်ချင်းတွေလည်း ကိုယ်စီကိုယ်စီ အဆောင်ကို ပြန်လာကြပြီလေ။ ကျွန်တော့်ရဲ့ အခွင့်အရေးတွေလည်း ဒီကောင်တွေလာတော့ ဆုံးရှုံးရတာပေါ့။ အဲ့ဒီကျူရှင် ပြန်ဖွင့်ကတည်းက စပြီး ကျွန်တော်တို့ရဲ့ အဆောင်ပိုင်ရှင် အတန်းပိုင်ဆရာမကလည်း ထုတ်ပြန်ချက် တစ်ခု ထုတ်လိုက်တယ်။ ထုတ်ပြန်ချက်ဆိုတာကတော့ ယဉ်ကျေးအောင် ပြောတာ။ အဲ့ဒီထုတ်ပြန်ချက်ကတော့ ဒီနေ့ကစပြီး (၉)တန်းနှစ် ပြီးဆုံးတဲ့အထိ ယောက်ကျားလေးများ ဘောပွဲမကြည့်ရတဲ့။ အဲ့ဒီထုတ်ပြန်ချက်ကတော့ ကျွန်တော်တို့ ယောက်ကျားလေးတွေအတွက် ပြင်းထန်တဲ့ ရာဇာသံ တစ်ခုပေါ့ဗျာ။ ဆရာကတော့ စိတ်မကောင်းရှာပါဘူး။ ကျွန်တော်တို့ ဘောပွဲ မကြည့်ရလို့ မဟုတ်ဘူးနော်။ သူကိုယ်တိုင်ပါ အဲ့ဒီ ထုတ်ပြန်ချက်ကို နာခံရလို့ဗျ။ ဟီးဟီး လစ်တုန်းသုတ်ထားဦးမှ။ ယောက်ကျားလေးဆိုတော့ ဆရာပါပါတာကိုး။ ဆရာမကိုလည်း ဆရာက ပြန်မမေးဘူး။ ယောက်ကျားလေးဆိုတော့ သူလည်းပါတာကို။ ဆရာမကို ဆရာက ငါကော ပါလာလို့ ပြန်မေးရင် ဆရာမရဲ့ အကွက်ထဲ ၀င်သွားမှာပေါ့။ ဆရာမက ဖေကြီးမပါလို့ ဖေကြီးက မိန်းကလေးလားလို့ ပြန်မေးရင်း ဘယ်လိုလုပ်မလဲ။ အဲ့ဒါကြောင့် ရှေ့ရေးကိုတွေးတတ်တဲ့ ကျွန်တော်တို့ ဆရာတစ်ယောက် ကန်းမတက်တာ။ ဒါပေမဲ့ ဘောပွဲအကြောင်းရေးတဲ့ သတင်းစာတွေကိုတော့ ဆရာမလွတ်ဘူးဗျ။ အပတ်စဉ်၊ နေ့စဉ် ၀ယ်မြဲဝယ်မြဲ။ အဲ့ဒီအချိန်ဆို ဆရာ့ကို ကျေးဇူးတင်မဆုံး။ ဆရာဝယ်တဲ့ သတင်းစာတွေကို တကျော့ပြန် ဖတ်ရတဲ့ အလုပ်ကို ကျွန်တော်တို့က ပြန်လုပ်ပေးရတယ်။ ၀ယ်စရာ ပိုက်ဆံမရှိပြန်တော့ ဒီလိုပဲပေါ့ဗျာ။ ပေါင်စရကလည်း ဘာမှမရှိတော့ဘူးဗျ။ ဆက်ပါစို့ အဲ့ဒီ ဘောပွဲပါတဲ့ သတင်းစာလေးတွေ ပြန်ဖတ်တာတောင်မှ ရိုးရိုးမဖတ်ရဘူးဗျ။ စာမေးပွဲကလည်း နီးနီးဆိုတော့ စာတွေ ဖိကျက်ရတဲ့ အချိန်၊ ဘောပွဲအကြောင်းတွေကလည်း ကောင်းကောင်းဆိုတော့ ကျောင်းစာကျက်မဲ့ စာအုပ်နဲ့ ဘောပွဲအကြောင်း ရေးသားထားတဲ့ သတင်းစာကို ထပ်ပြီး ဖတ်ရတာပေါ့။ အတန်းပိုင် ဆရာမ ခင်မျာမှာတော့ ပီတိတွေဖြာလို့။ ဒီကောင်တွေ စာတယ်လည်း ကျက်ပါလားပေါ့။ ဟုတ်လည်းဟုတ်တယ်ဗျ။ ကျွန်တော်တို့က ဘောပွဲအကြောင်းတွေကို ညသန်းခေါင် (၁) နာရီအထိ ထိုင်ဖတ်ရတာ။ ဆရာမအထင်တော့ ကျွန်တော်တို့ စာကျက်နေတဲ့ပေါ့။ တကယ်တော့...၊ တကယ်တော့.........


နောက်တစ်ခါကြုံရင် ၁၀ တန်းက အကြောင်းလေး ဆက်ပါဦးမယ်..
ချစ်ခင်လေးစားလျှက်
ရှမ်းကလေး

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply