မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ကံကောင်းခြင်းများနဲ့မန်ယူ...

တောထဲတောင်ထဲရောက် ဗိုလ်မုတ်သုန်က...
ကိုမောင်ဖုန်းမြင့်နဲ့ ကြောင်ဆရာလေးတို့ရဲ့..
ဖိတ်ကြားချက်အရ...
သရဲနီတပ်ဖွဲ့မှာအားဖြည့်လိုက်ပါတယ်...
(စကားချပ်)

အများသိတော်မူတဲ့အတိုင်း...
မန်ယူဟာ မန်ယူပဲဆိုတာ ပြလိုက်ပါပြီ...
မန်ယူကံကောင်းတယ်လို့ ကျန်တဲ့လူတွေကပြောမယ်...
ပြောကြပါစေလေ...
တစ်ကယ်လည်းဟုတ်ပါတယ်...
ပထမအကြိမ် ချန်ပီယံလိဂ်ရတုန်းက....
အချိန်ပိုသွင်းဂိုးနဲ့..
ဒုတိယ ချန်ပီယံလိဂ်ရတုန်းက...
နာကျင်ချိန်ပိုမှာ ခြေပဂိုးနဲ့ အနိုင်ဂိုးသွင်းနိုင်လို့...
အခုကျတော့ ...
ပင်နယ်တီမှာ ကံကောင်းခြင်းများစွာနဲ့...
ဘယ်လိုပဲဖြစ်ဖြစ် မန်ယူဟာ ဒီရာသီမှာတော့...
အကြီးကျယ်ဆုံးသောဘောလုံးအသင်းဖြစ်ခဲ့ပါပြီ...

တစ်ခုတော့ရှိတယ်ဗျ...
ရခဲ့တဲ့ဖလားနှစ်လုံးစလုံးကတော့...
ကံကောင်းလွန်းလို့ရခဲ့တာမဟုတ်ဘူးဗျို့..
ရေကုန်ရေခန်းကစားခဲ့ရတာပါ...
ကစားသမားတွေရဲ့အားထုတ်မှု...
စိတ်ဓာတ်ကလည်းကောင်းကြတယ်...
လူငယ်တွေပီပီလုံးဝဇွဲမလျော့ဘူး...
ကြိုးစားချင်စိတ်ရှိကြတယ်...
ချဲလ်ဆီးနဲ့တုန်းက ပင်နယ်ဆီကန်တာကြည့်ပါလား...
ချာတိတ်တွေ စိတ်အပြည့်နဲ့ကန်သွားတာ...
စီရော်နယ်ဒိုကလွဲလို့..
အကုန်လုံး လှည့်ကြည့်စရာတောင်မလိုဘူး...
နည်းပြကြီးဖာဂူဆန်ဆိုလည်းကြည့်ဦး...
လူငယ်လေးအတိုင်းပဲ....
နည်းဗျူဟာတွေကအစ သစ်နေတာ...
ချဲလ်ဆီးနဲ့ပွဲမှာ...
ရှေ့တက်ဖို့ပဲအားသန်တဲ့ အက်ဆီယန်နေရာကို...
ရော်နယ်ဒိုကို ၀င်ကစားခိုင်းတာ...
ကာရစ်ကို ကွင်းလယ်မှာပဲထားပြီး...
ဘရောင်းကိုရှေ့ထွက်ခိုင်းတာ...
(ဘရောင်းတင်ပေးလိုက်တဲ့ဖြတ်တင်ဘောကနေ..
ရော်နယ်ဒိုခေါင်းတိုက်သွင်းနိုင်ခဲ့တာလေ..)
အဲတာတွေက အသစ်တွေကြီးပဲ...
ဒါကြောင့်ပြောတာပေါ့...
ရခဲ့တာတွေက ကံကောင်းလို့မဟုတ်ဘူးလို့...
ကြိုးပမ်းအားထုတ်ခဲ့လိုရခဲ့တာလို့....
အဲတာတွေကြောင့် လာမယ့်နှစ်လည်း...
ဖလားတွေဆက်ရနေအုန်းမှပါပဲ...
အခုတော့ ဒီလောက်ပဲဗျို့..
နောက်မှ ဆက်ပြောမယ်.....

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. ' says:

    ManU သာလျင် အကြိးမြတ်ဆုံး club ပါ

     

Leave a Reply