စက်တင်ဘာလအတွက် အကောင်းဆုံး Barclay မန်နေဂျာအဖြစ် ဖာဂီ နဲ့ အကောင်းဆုံး ဘောလုံးသမား အဖြစ် တောရက်စ် အရွေးချယ်ခံရ ~~
စက်တင်ဘာလ အတွက် Barclays Player and Manager Of the Months award ကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပဲ့ကိုင်ရှင် ဖာဂီနဲ့ လီဗာပူးလ်ရဲ့ ဂိုးသွင်းစက် ဖာနန်ဒို တောရက်စ်တို့က ရရှိခဲ့ပါတယ်။
တောရက်စ်ဟာ စက်တင်ဘာလအတွင်း ဟူးလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာ အပါအ၀င် ငါးဂိုးသွင်းယူခဲ့ပြီး စုစုပေါင်း ရှစ်ဂိုးဖြင့် ရွှေဖိနပ် ဆုအတွက် ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။ နောက်မှာတော့ ရူနီ (မန်ချက်စတာ)၊ ဒါးရင့်ဘန့် (ဆန်းဒါးလန်း)၊ ဒရော့ဘာ (ချဲလ်ဆီး) တို့က သွင်းဂိုး ခြောက်ဂိုး စီဖြင့် လိုက်နေကြပါတယ်။
ဖာဂီ့အတွက် ဒီဆုဟာ ၂၄ ခုမြောက် Barclays Award ပဲ ဖြစ်ပါတယ်။ ဖာဂီဟာ မန်ချက်စတာယူနိုက်တက်ကို ပရီးမီးယားလိဂ်ရဲ့ ဇယားထိပ်ဆုံးကို ပို့နိုင်ခဲ့ပါတယ်။ စပါးကို ၃ ဂိုး ၁ ဂိုး ဖြင့် ၄င်း၊ မန်ချက်ဒါဘီမှာ စီးတီးကို ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲတွေဟာ ဖာဂီ့ရဲ့ အရည်အချင်းကို မီးမောင်း ထိုးပြတဲ့ ပွဲတွေပဲ ဖြစ်ပါတယ်။