အဆုံးသတ်အကောင်းဆုံး ပဲချိုလေးအဖြစ် ဟာနန်ဒက်ဇ်အား ဖာဂီ ချီးကျူး
ဒုတ်ကြီးမောင်
|
01 October, 2010
|
1 comment
ချန်ပီယံလိဂ် ပွဲစဉ်တပွဲဖြစ်သော ဗလင်စီယာပွဲစဉ်တွင် မန်ယူအတွက် အနိုင်ဂိုးကို ၈၅မိနှစ်တွင် လူစားဝင်လာခဲ့သော ပဲတောင်ရှည်လေးအား
ယူနိုက်တက် ဘော့ ဖာဂီမှ သူဟာ အခွင့်အရေးရလျှင် အကောင်းဆုံး အဆုံးသတ်ဂိုးသွင်းယူ နိုင်သူတယောက်ဖြစ်ကြောင်း သူဟာဒီလိုအဆုံး
သတ်ကောင်းမွန်မှုဟာ ပုံမှန်လုပ်ဆောင်နိုင်ကြောင်း ဒါပေမဲ့ သူသက်အရွယ်ဟာ ငယ်လွန်းတဲ့ အတွက် သူကိုယ်သူ ကြံခိုင်မှူကောင်းအောင်
ဒီထက်ပိုပြီး အဆုံးသတ်ကောင်းမွန်အောင် လေ့ကျင့်ရအုန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အားလုံးသိ ကြတဲ့အတိုင်း မက္ကစီကို တိုက်စစ်မှူးလေး ဟာနက်ဒက်(စ်)ကို ပဲတောင့်ရှည်လေး (သို.) အစိမ်းရောင် ပဲသီးလေးလို. သိကြပြီးတော့ ဘာဖြစ်လို. အဲဒီလို ခေါ်တွင်သလဲ ဆိုရင် သူ.အဖေဟာ အစိမ်းရောင် မျက်ဝန်းတွေ ရှိတဲ့ အတွက်လို. The Sun သတင်းစာမှ
အဆိုအရ သိရပါတယ်။ဗလင်စီယာနှင့်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခြင်းနှင့် ပတ်သတ်၍ အဆိုပါ ချန်ပီလိဂ်ညချမ်းဟာ သူ.အတွက် ပျော်ရွှင်ပြီးတော့ အလွန် ခမ်းနားကြီးကျယ်လှကြောင်း အသင်းတွက် အနိုင်ဂိုးသွင်းယူပေးနိုင်တဲ့ အတွက်လဲ ဂုဏ်ယူကြောင်း သူမက္ကစီကို မှာ ကြည့်ရှုနေရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ယခု ကိုယ်တိုင်ပါဝင်ကစားခွင့်ရတဲ့ အတွက် သူ.အိမ်မက်တွေဟာ အမှန်တကယ် ဖြစ်လာပြီလို.ပြောကြားခဲ့ပါတယ်။
ယူနိုက်တက် နဲ.ပတ်သက်ပြီး အခြားဝမ်းသာစရာသတင်းကောင်းတခုကတော့ နောက်ခံလူ အသင်း ခေါင်းဆောင်ဟောင်း ဖာဒီနန် ပါဝင်ကစား နိုင်တော့မယ် လို.ကြားသိရပါတယ်။
Filed Under: Featured , Interview , Player News
Chicharito ... Future No 7