နံပါတ် ၁ နေရာက မန်ယူ
လင်းထက်
|
17 January, 2009
|
2 comments
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနေ့ပွဲမှာ အများမျှော်လင့်ထားတဲ့အတိုင်း 4 - 4 - 2 တီဗက်စ်၊ ဘာဘာတော့ဖ်၊ ရော်နယ်လ်ဒို၊ ဖလက်ချာ တို့နဲ့ ဦးဆောင်က ပွဲထွက်လာခဲ့ပါတယ်။ ဘော်လ်တန် အသင်းကို ရီးဘွတ်ခ်မှာ ခက်ခက်ခဲခဲ ကစားရတဲ့ ထုံးစံ အတိုင်း တကယ့်ကိုပဲ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ ရပါတယ်။ တခါတရံမှာ ရရှိခဲ့တဲ့ အပိုင် အလုံးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ခပ်စောစော ဦးဆောင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဘောလ်တန်အသင်းကတော့ မန်ယူနောက်တန်းကို ထင်သလောက် မဖောက်နိုင်ပဲ .. တကယ်ဖောက်ခဲ့တဲ့ အလုံးတွေကလည်း မန်ယူ အသင်းအတွက် တော်တော့်ကို အန္တရာယ်ရှိစေခဲ့ တာကို တွေ့ရပါတယ်။ ဒုတိယပိုင်း မှာတော့ ဂစ်စ်တို့ ၀င်လာပီး မန်ယူဟာ တိုက်စစ်ကို ပိုမြှင့်တင် ကစားခဲ့ပါတယ် ဒါလည်း တောက်လျှောက် ဂိုးသွင်း နိုင်ခြင်း မရှိပဲ နောက်ဆုံး ပီးခါနီးမှသာ တီဗက်စ်ရဲ့ ဖြတ်တင်ဘောကနေ ဘာဘာတော့ဖ်က လှလှပပ ဖြတ်တိုက်ဘောနဲ့ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့ အနိုင်ရရှိတဲ့ အတွက် ကျနော်တို့ မန်ယူအသင်းဟာ နံပါတ် ၁ နေရာကို လီဗာပူးလ် ပွဲ အဖြေ မသိခင်အထိ ဦးဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ဟာ နံပါတ်တစ် ကနေ ပြန်ဆင်းမှာ မဟုတ်တော့ပါဘူး .. ဖာဂူဆန့် စကားအတိုင်းဆို ရာသီအလယ်မှာ ဦးဆောင်ခွင့်ကို ရယူနိုင်လိုက်ပီ ဖြစ်ပါတယ်။ ရာသီအဆုံးမှာတော့ ဖလားဟာ သရဲနီအတွက် ကလွဲ လို့ ဘယ်သူ့အတွက်များ ဖြစ်ဦးမလဲဗျာ ။
Filed Under: Match Review
ရင်တော့အခုန်သား သွားပြီအောက်မေ့တာ။ ဒါပေမယ့် ကိုယ်သရဲ အကြောင်းကိုယ်သိနေတော့ နောက်ဆုံးမိနစ်အထိ မျှော်လင့်ချက်နဲ့ စောင့်ကြည့်တာ ယုံကြည်ရကြိုးနပ်ပါတယ်။ ဒါမှမန်ယူကွ။
ငါတို့ chelsea လည်း နိုင်ပါတယ်ကွ နော် ရေး~~~~