မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဒုတိယနေရာခိုင်မာဖို့ အိုးထရက်ဖို့ဒ်က စိန်ခေါ်သံ

ပိုစ့်တင်သူ။ ။မန်ယူခရေဇီ

ပရီမီးယားလိဂ်ပွဲစဉ် (၂၁) ထဲက ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ Super Sunday မှာ ကစားကြမဲ့ မန်ယူနဲ့ချဲလ်ဆီးတို့ကတော့ ဘယ်သူဒုတိယလဲဆိုတာ အဆုံးအဖြတ်ပေးပါတော့မယ်။ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းမှာ အမှန်ပါပဲ။

စကိုလာရီမှာ ဖိအားတွေရှိနေတာကတော့ စိုးရိမ်စရာပါ။ အသင်းကြီးအားလုံးကို ပထမအကျော့မှမနိုင်လိုက်တဲ့
ချဲလ်ဆီးနဲ့မန်ယူအသင်းတို့ဘ၀တူတွေ ဒုတိယအကျော့မှာ ထိပ်တိုက်ရင်ဆိုင်ရပါပြီ။

မန်ယူအသင်းဟာ ကျဉ်းမြောင်းတဲ့ အနိုင်ရလာဒ်တွေ နဲ့ နိုင်ပွဲ တွေကို မဖြစ်ဖြစ်အောင် ခဲခဲယဉ်းယဉ်း ကစားနေခဲ့တာ ကြာပါပြီ။

အလားတူပဲချဲလ်ဆီးအသင်းဟာလည်း နိုင်သင့်တဲ့ ပွဲတွေသရေ ကျခဲ့ရင်းနဲ့အနိုင်ကိုအတော်လေး ရှာဖွေနေရပါတယ်။
လမ်းပတ်က မန်ယူကို တံခါးဖွင့် ပေးလိုက်မိပြီ လို့ မပြောရင်တောင်မန်ယူအသင်း ကတော့ အိမ်ထဲကို ရောက်နေပါပြီ။

မန်ယူအတွက် ချန်ပီယံဆုထိန်းသိမ်းနိုင်ဖို့ဆိုရင် ဒီပွဲကို မဖြစ်မနေအနိုင်ယူရပါတော့မယ်။

လတ်တလော ခြေစွမ်းကိုကြည့်ရင်လည်း မန်ယူအသာ ရနေသလို၊ အိမ်ရှင် ဖြစ်နေတဲ့အတွက်လည်း မန်ယူအသာ ရနိုင်ပါတယ်။

ဒါကြောင့် မန်ယူအနေနဲ့ လူထုတ်ပုံ မှန်ကန်ဖို့ သာလျှင် လိုအပ်ပါတယ်။ နောက်တန်းမှာ ဖာဒီနန် ပြန်ကစားနိုင်မှာ မို့အားတက်စရာပါ။

ကွင်းလယ်မှာတော့ ကားရစ်+စခိုး အတွဲသာ ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ စခိုးလ်နေရာ
ဝင်နိုင်ဖို့ဖလက်ချာဖြစ်စေ၊ အန်ဒါဆန်ဖြစ်စေ ရံထားဖို့လိုပါလိမ့်မယ်။

ရှေ့တန်းမှာ တော့အားထားရတဲ့ တိုက်စစ်မှူးရူနေနဲ့ ဘာဘာတော့ဗ် သာလျှင်တွဲဖို့ များပါတယ်။ တောင်ပံတိုက်စစ်အနေနဲ့ ဒိုလေးနဲ့ ပတ်ဂျီဆန်းတို့ ကိုကစားစေပါလိမ့်မယ်။ နောက်တန်း ညာအစွန်မှာ လူငယ်ကစားသမား ရာဖေးကစားနိုင်ပြီးတော့ ဘယ်အစွန်မှာတော့ ပွဲပါယ်ပြစ်ဒါဏ်စေ့လို့ပြန်ကစားမဲ့အီဗရာကတော့အကောင်းဆုံးသောလက်တုန့်ပြန်မှုတွေနဲ့ ခြေစွမ်းပြကစားပါလိမ့်မယ်။ဒီဘက်ပိုင်းပွဲစဉ်တွေမှာတစ်ဂိုးထက်ပိုမသွင်းနိုင်လို့ဖိအားပေးခံနေရတဲ့ တိုက်စစ်ကတော့ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ယူပြမဲ့ပွဲစဉ်တစ်ခုပါပဲခင်ဗျာ..။

မြန်မာမန်ချက်စတာယူနိုက်တက်ဖိုရမ် မှ ကူးယူဖော်ပြသည်..။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. ကိုတိုး says:

    သရဲနီတပ်သားမန်ယူဟာ ဒီပွဲမှာတော့အကောင်းဆုံးကစားသွားပါလိမ့်မယ် ချန်ပီယံမန်ယူဟာ မန်ယူပါပဲ။ ဒီပွဲမှာတော့ ချယ်ဆီးကို နိုင်အောင်ကန်သွားပါလိမ့်ပွဲကောင်းတစ်ကောင်းဖြစ်တဲ့အတွက် မန်ယူမရိတ်သတ်အနေနဲ့ အားပေးရမယ်။

    မန်ယူကွ မန်ယူ

     

Leave a Reply