သရဲနီအတွက် အမှတ်တရ
လင်းထက်
|
21 May, 2008
|
3 comments
ညီအကိုတစ်ဦးက ဒီသရဲနီမှာ.. အမှတ်တရပေါ့လေ၊ ရေးပါဆိုတော့။ ရေးပါတယ်ဗျာ။ ဘော်လုံးဖန် ဘလော့မှာ ဘော်လုံးတစ်လုံးနဲ့ ကန် တဲ့လူတွေ အကြောင်းပါရင် ပြီးရော မဟုတ်လား။ အမှန်တော့ ကျွန်တော်တို့ ဖာဂူဆန်ကြီး မြန်မာပြည်လာခဲ့ရင် အခုကျွန်တော် ပြောပြမဲ့ မြန်မာ့ဂုဏ်ဆောင် ရွာဘော်လုံးသမားတွေ တွေ့မိပြီး သူများကြိုက်သွားမလားလို့ပါ။
ရွာဆိုတော့ မန်ယူကွင်းနဲ့ မနှိုင်းတော့ဘူး။ ဗွက်ထူထူကြားမှာ ပုဆိုးခါးတောင်းကျိုက်ပြီး ခြေဗလာကန်ကြတာဘဲ။ တကယ်၊ အဲဒီ လူကြီး တွေ့များသွားရင် သဘောကျပြီး အင်္ဂလန်ခေါ်ရင် ခေါ်သွားနိုင်လောက်တယ်။ ကျွန်တော်တို့ ရွာဘောသမားတွေကို ပြောတာပါ။ ရွာဆို တော့လဲ ကြုံရင်ကြုံသလို အချိန်မရွေး ကန်လေ့ရှိတယ်ဗျ။ တစ်ခါကတော့ ရွာလူကြီး ဒိုင်းလုပွဲ၊ ဒိုင်းဆိုပေမယ့် နောက်ကွယ်က ငွေရေး ကြေးရေးလေးလဲ ပါတယ်။ လူငယ်လူလတ် ဘော်လုံးဝါသနာရှင်တွေရော၊ ခြေစရှိသူတွေ စုပြီး ရွာအလိုက် အသင်းဖွဲ့ကန်ကြတာမျိုး။ အင်္ကျီမပါ၊ ခြေဗလာနဲ့ ပုဆိုးခါးတောင်းကျိုက်ပြီး ရွာထုံးစံအတိုင်း ကျိတ်ကြတာပေါ့။ စတဲ့အချိန်ကလဲ တော်တော်နေစောင်းနေပြီ။ စစ ချင်းပဲ ဟိုဘက်အသင်းက ထည့်လိုက်တဲ့ အလုံးတွေ။ ကျွန်တော်တို့ဘက် အပြတ်အသတ်ကြီး ရှုံးနေတာပေါ့လေ။ တဖြေးဖြေး မှောင်လာ တာနဲ့အမျှ နိုင်ဖို့ လမ်းမမြင်တော့ဘူး ဆိုပါတော့။ အချိန်ကလဲစေ့ကာနီးပြီ။ ဟိုဘက်ဒီဘက်လဲ မသဲကွဲတော့ဘူး။ အားလုံးက ကျောပြောင် တွေချည်းကိုး။ ဒါပေမယ့် သေချာတာက ဟိုအသင်းက အပြတ်အသတ်ကိုနိုင်နေတာပဲပေါ့။ ပြန်တဲ့လူကလဲ ပြန်ဖို့တာစူနေပြီ။
ဒီလိုဖြစ်နေတုန်းမှာပဲ၊ ကျားသားမိုးကြိုး၊ ပွဲကပြောင်းပြန်ဖြစ်သဗျို့၊ ခုနက ခေါင်းမဖေါ်နိုင်တဲ့ ကျွန်တော်တို့ အသင်း၊ ထည့်လိုက်တဲ့ ဂိုး တွေဆို ဟောတစ်လုံး၊ ဟောတစ်လုံး၊ ဒါနဲ့ပဲ ပြန်မဲ့လူတွေလဲ ပြန်ထိုင်ကြ၊ ကိုယ့်ဘက်ကိုယ် အော်ကြ၊ အားပေးကြပေါ့။ အချိန်စေ့တော့၊ ဒိုင်လုပ်သူရဲ့ ပွဲပြီးခရာမှုတ်သံလဲထွက်၊ ဒီဘက်အသင်းရဲ့ ပွဲသိမ်းဂိုးလဲဝင်၊ နောက်ဆုံးတော့ မယုံချင်နေ၊ အပြတ်ကိုနိုင်သွားတာပေါ့လေ။ ဒါနဲ့ ဟိုဘက်အသင်းက ဘောသမားတွေရော၊ ဒိုင်တွေရော မျက်စိက လည်တယ်တယ်နဲ့၊ ဘယ်ပုံကနေ ဘယ့်နှယ် ဖြစ်ရသတဲ့တုန်းပေါ့ ဗျာ။ ဒီလောက်တောင် ခြေသာတဲ့ အသင်းက အပြတ်ကြီး နိုင်နေရဲ့သားနဲ့၊ ဆွဲလှန်ပစ်လိုက်သလို ပြောင်းပြန်ဖြစ်သွားရတာ။
တော်တော်လေးလဲ မှောင်နေပြီခင်ဗျ။ ဒါနဲ့ ဒိုင်ကမသင်္ကာဘူးနဲ့တူပါတယ်။ “ ကဲ .. ကဲ နှစ်သင်းလုံးက ကောင်တွေ၊ တစ်ယောက်မှ ကွင်း ပြင်မထွက်နဲ့ဦး၊ တန်းစီလူစစ်မယ် ” အော်ပြီး စစ်ကြည့်လိုက်တော့ လား .. လား.. ၊ နိုင်တဲ့ ကျွန်တော်တို့ရွာအသင်းလေ၊ ကန်တဲ့လူက (၂၂) ယောက်တောင်ခင်ဗျ။ ဒိုင်လဲ ပြူးသွားတာပေါ့။ မျက်စိလေ။ ဖြစ်ရမယ်၊ မှောင်လာတော့ ဒီဘက်က ပုဂ္ဂိုလ်များက မျိုးချစ်စိတ် တယ် ပြင်းတာကိုး။ တစ်ယောက်ပြီးတစ်ယောက် အင်္ကျီလေးချွတ်၊ ပုဆိုးလေး အသာကျိုက်ပြီး ဒိုင်အလစ်မှာ သာသာလေး ၀င်နှက်နေတာ ကလား။ အဖြေထုတ်တော့ ဘာပဲပြောပြော နိုင်လိုက်တယ်ဆိုပဲ။ (၁၁) ယောက်နဲ့ (၂၂) ယောက် ကန်ကြတဲ့ အမှတ်တရ ပွဲလေးပေါ့ဗျား...။
(သရဲနီချစ်သူတို့ရဲ့.. သရဲနီတွေနဲ့ ဘယ်လိုမှ မပတ်သက်ပေမဲ့ သရဲနီ Blog အတွက် မှတ်မှတ်ယယ)

Filed Under: Essay
ကိုလျှာရှည်ရေ... ဒီလိုမှန်းသိ ကျုပ် Chelsea
ဘက်က ၀င်ကန်ပါတယ်ဗျာ....ဟီ...ဟိ
အဟိ..ဒါတောင၊်
ရွာဦးကျောင်း က ကိုတော်တွေ.
သင်္ကန်းချွတ်၊ နေလို့ .မနည်းတားလိုက်ရတယ် ဟုတ်..
အရှည်သဖြင့်..ဒီ " Blog" လေး ..
တည်တံ.. ရန်.......သို့ ........ ^_*
ကျွန်တော်ကတော့ ဘလောက်ပြီးရင် ဖိုရမ်လေးလုပ်ပါလားလို့ အကြံပြုချင်ပါတယ်ခင်ဗျား။ အာဆင်နယ် (ဗမာ)ဖိုရမ်တောင်ရှိတယ် ဆိုတော့ကာ အနော်တို့လဲ ရှိသင့်တယ် ဒါမှ အားရပါးရ စကားဖောင်လို့ရမှာ ဟိဟိ။