မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

သရဲနီ နှင့် ကျွန်တော်


ကျွန်တော်အင်မတန်မှ နှစ်သက်တဲ့အသင်းတစ်သင်းပါ။အဲ.အဲလိုပြောလိုက်လို့ စာဖတ်သူက ခင်ဗျားဘာဖြစ်လို့ကြိုက်တာလဲလို့ မေးလာ စရာအကြောင်းရှိပါတယ်။ဟုတ်ကဲ့ခင်ဗျ ကျွန်တော်ကလည်းဖြေဖို့အဆင်သင့်ပါပဲ။ ကြိုက်ချင်လို့ကိုကြိုက်တာပါပဲဗျ။ရှင်းရော။နောက်တာ ပါ။သရဲနီတွေကိုကျွန်တော်ကြိုက်ရခြင်းအကြောင်းရင်းတွေကတော့ ပြောရရင်ကုန်မယ်တောင် မထင်ပါဘူးဗျာ။ ပဲ့ကိုင်ရှင်ကြီးပီကေ၀ါး တာကိုလည်းကျွန်တော်ကြိုက်တာပဲ။ ဒါသူ့စတိုင်ပဲလေ။မှော်ကဝေလို့ခေါ်တဲ့........

ရော်နယ်ဒိုလေးရဲ့ ခြေစွမ်းပြဘောလုံးထုတ်သပ်ရပ်ပုံလေးတွေကိုလည်း ကျွန်တော်ကြိုက်တာပဲ။ပဲလေးနည်းနည်းများ တာကလွဲလို့ပေါ့။ နောက်ပြီး.လူငယ်လက်သစ်လေးတွေဖြစ်တဲ့ နာနီ၊အန်ဒါဆန်၊ရူးနီ။
အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့ ပေါစခိုးလ်နဲ့ဂန္ဓ၀င်ကစားသမား ကြီးဖြစ်လာတော့မယ့် ဂစ်၊စိတ်ဆတ်တဲ့ ကတ်ပတိန် ဖာဒီနန်၊တစ်ဖက်အသင်းရဲ့တိုက်စစ်တွေ အခက်တွေ့စေတဲ့ဗီဒစ်၊ဘရောင်း၊အီဗရာ။ ကွင်းလယ်က ဖန်တီးရှင် အိုဝင်ဟားဂရေ့နဲ့ မိုက်ကယ်ကားရစ်၊တစ်ဖက်အသင်းရဲ့နောက်တန်းတွေ ထိန်းရခက်အောင် အလိမ်ကောက် တွေနဲ့ ဂိုးရအောင်ဖန်တီးတတ်တဲ့ တီဗက်၊အပိုင်ကန်ချက်တွေကို အပိုင်ကာကွယ်နိုင်တဲ့ ဂိုးသမား ဗန်ဒါးဆား၊ဒါတွေကတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းပြကစားနေကြတဲ့ ကစားသမားတွေပါ။ ခုချိန်မှာ သူတို့ကိုမကောင်းဘူးလို့ ဘယ်သူပြောမလဲ။ ချန်ပီယံလိဂ်ဖလားကြီးက သက်သေနော...။

လက်ကုန်ပြောရရင်တော့မန်ယူဆိုအကုန်ကြိုက်ပြီးသားပဲဗျာ။မန်ယူပွဲဆိုမလွတ်တမ်းကြည့်ပြီးသား(တစ်ပွဲတစ်လေတော့လွတ်တာပေါ့ဗျာ) ကြေးဘယ်လိုဖွင့်ဖွင့် မန်ယူဘက်ကထည့်ပြီးသား (ပေါ်ကုန်ပါပြီ)။မန်ယူပွဲရှိတဲ့နေ့ဆို ရည်းစားနဲ့ချိန်းထားတာတောင် မသွားဘူး။ (အဲ့လိုကောင်...အရင်ကပြေတာပါ ခုတော့ချိန်းစရာမလိုတော့ဘူး :D)။မန်ယူနိုင်တဲ့ပွဲတွေဆို အပျော်တွေက ကျွန်တော့်ရင်ဘတ်ထဲမှာ အပြည့်။သရေပွဲနဲ့ရှုံးတဲ့ပွဲတွေဆို ကျွန်တော့်အိပ်ကပ်ထဲမှာ (မင်းအတွက်နဲ့ ငါ့ဆီမှာဘာဆိုဘာမှမရှိတော့ပါ ဆိုတဲ့သီချင်းလေးအတိုင်းပဲ) တစ်ကယ် ဘာဆိုဘာမှကိုမကျန်တော့ပါ။သွားပါပြီသရဲနီတွေလုပ်တာနဲ့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုတွေဖြစ်ကုန်ပါပြီ :P ။

p:s- သရဲနီချစ်သူများပျော်ရွှင်နိုင်ပါစေဗျာ

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. putoo says:

    ဟုတ်တယ် ရော်နယ်ဒို က နဲနဲပဲများတယ်
    ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်နိုင် တာက နိုင်တာပဲ
    မန်ယူ ဟေ့ မန်ယူ ချန်ပီယံ နှစ်ထပ်ကွမ်း ဟေ့

     

Leave a Reply